Weeding Day

537 49 0
                                    

ဒီလိုတဖြည်းဖြည်းနဲ့ပဲ နေ့ရက်တိုင်းဟာ ကုန်ဆုံးခဲ့သည် ။ ဂျောင်ကုနဲ့ ထယ်ယောင်းတို့မှာလဲ အရင်လိုတကျက်ကျက်နဲ့ရန်ဖြစ်နေဆဲပါပဲ ။ သို့ပေမယ့် သူတို့ကြား နွေးထွေးမှုလေးတွေတော့ အနည်းငယ်ရောက်လာပါပြီ ။ Seung jiu နဲ့ Y/nတို့အတွဲလည်း ရိုမြဲ ရိုဆဲပါ ။ ကျောင်းပြီးသွားပြီဖြစ်တာကြောင့် မကြာခင်မှာပင် ဂျောင်ကုနဲ့ ထယ်ယောင်းရဲ့ မင်္ဂလာပွဲလေးလဲ ဖြစ်လာပါတော့သည် ။

"ထယ်ယောင်း ဂျောင်ကု ဖိတ်စာတွေသွားဝေဦး မင်းတို့သူငယ်ချင်းအသိတွေဆီ ။ ပြီးရင် အဖိုးမိတ်ဆွေတွေဆီရော "

"ဟုတ်ကဲ့ပါ အဖိုး ကင်မ်ထယ်ယောင်းသွားမယ် "

ဆိုဖာပေါ်‌တွင် အကျအန ဖုန်းထိုင်သုံးနေတဲ့ ထယ်ယောင်းအား ဂျောင်ကုခေါ်လိုက်သည် ။

"ငါမောင်းမှာ ဂျွန်ဂျောင်ကု "

"မရပါဘူး။ငါပဲ မောင်းမှာ ကင်မ်ထယ်ယောင်း "

"ဂျွန်ဂျောင်ကု ငါမောင်းမှာပါလို့ဆို "

ထယ်ယာင်း မျက်လုံးပြူးပြီး ဂျောင်ကုကို ကြည့်ကာ ပြောလိုက်သည် ။

"မျက်လုံးက ဘာကိစ္စပြူးပြနေတာလဲ မရဘူး ငါပဲမောင်းမှာ "

"ထယ်ယာင်းရယ် ဂျောင်ကုပဲမောင်းခိုင်းလိုက်ပါ "

"အဖိုးကလဲ "

"သူဌေးတွေက ကားကိုသိပ်မမောင်းဘူး Driver ကိုပဲမောင်းခိုင်းတာ အိုကေလား "

"Oh ! အိုကေတယ် ဂျွန်ဂျောင်ကု မင်းပဲမောင်းနော် "

ထယ်ယောင်းတစ်ယောက် အဖိုးစကားကို သဘောကျကာ ဂျောင်ကုအား ရွဲ့ရင်းပြောလိုက်သည် ။

"အဖိုး ကျွန်တော်ဂျွန်‌ဂျောင်ကု ကမှအဖိုးမြေးအရင်းပါ"

"ကဲနောက်ကျနေမယ် သွားတော့ "

အဖိုးဟာ အမြဲဒီလိုပင် ထယ်ယောင်းကို သူ့ထက်ပို မဟုတ်ဘူး သူ့လောက်နီးနီးကိုချစ်ပါတယ် ။

ဒီလိုနဲ့ထယ်ယောင်းနဲ့ ဂျောင်ကုရဲ့ ကားလေးဟာ Y/nတို့ဆိုင်ရှေ့ရောက်လာခဲ့တယ် ။ Seung Jiu နဲ့ Y/nတို့တွဲပြီးတော့ Cafeဆိုင်လေးဖွင့်ထားခြင်းပင် ။ ဆိုင်လေးဟာအတော်လေး လှပြီး အတော်လေး သပ်ရပ်သည်။ ဆိုင်နာမည်လေးက Borahae ပင် ။ ထယ်ယောင်းကိုယ်တိုင်ပေးတာဖြစ်သည် ။ နောက်ဆုံးထိတိုင် အတူတူရှိနေမယ် ဆိုတဲ့သဘောဖြင့် ။

𝐖𝐡𝐲 ! 𝐈 𝐋𝐨𝐯𝐞 𝐇𝐢𝐦 ? // 𝐓𝐡𝐯𝐉𝐤Where stories live. Discover now