Case

531 36 5
                                    


ဂျောင်ဂု ထယ်ယောင်းကို y/nတို့ဆိုင်ရှေ့ချပြီးတော့ သူရယ် Lee Sora ရယ် ထွက်လာခဲ့သည် ။

"ဘယ်mallသွားမှာလဲ "

"Oppaရဲ့ Mallပဲလိုက်ပို့‌ရတယ် "

"အွန်း "

ဂျောင်ဂုရဲ့ အဖိုးပိုင်ဆိုင်ထားတဲ့တစ်ခု ၊ ဂျောင်ဂု အမည်ပေါက် JK ဆိုတဲ့ Mall ရှိသည် ။ သူလည်း လိုက်ပို့ပေးပြီး ရောက်တာနဲ့ Lee Sora က ဟိုဝယ်ဒီဝယ်နဲ့ပတ်နေသည် ။

"Lee Sora မင်းဝယ်ရင်ဝယ်လိုက် ငါဟိုနားက လက်ဝတ်ရတနာဆိုင်မှာရှ်ိမယ် "

"ဟုတ်ပြီ oppa "

ဂျောင်ဂု ဟိုနေ့ကတင် ထယ်ယောင်းနဲ့ အတူတူ လက်စွပ်လာယူတဲ့ ရတနာဆိုင်လေးကို ဝင်လိုက်သည် ။ ဆိုင်ကောင်မလေးတွေက သူ့ကိုမှတ်မိတာကြောင့် သူနားရောက်လာသည် ။

"သခင်လေး ဘာအလိုရှိလို့လဲ "

"ငါ့ကို sketch ဆွဲဖို့ ယူခဲ့ပေး "

ဂျောင်ဂု စားပွဲနားမှာထိုင်ချလိုက်ပြီး ကောင်မလေးတွေယူလာတဲ့ ပုံကြမ်းဆွဲတဲ့ စာအုပ်မှာ သူထယ်ယောင်းအတွက် နားကပ်ရှည်ရှည်လေး ဆွဲဖို့ အကြံထုတ်လိုက်သည် ။

ထယ်ယောင်းက အရင်ကတည်းက Earring Crazy ပင်ဖြစ်သည် ။ ဂျောင်ဂုက ရိုးရိုးနားကွင်းကိုသာ ကြိုက်ပေမယ့် ထယ်ယောင်းက ဆန်းဆန်းပြားပြားကိုသာကြိုက်တယ် ။ ထယ်ယောင်းက ရိုးရှင်းတဲ့သူလို့ထင်ရပေမယ့် သူက အများနဲ့မတူညီဘဲ ထူးခြားသည် ။

ပုံဆွဲတော်တဲ့ ဂျောင်ဂုက ထယ်ယောင်းအတွက် လှပဆန်းပြားတဲ့ နားကပ်ပုံစံလေးကို ခနလေးအတွင်းပင် ထွက်လာခဲ့သည် ။ ကောင်တာမှာ ရှိတဲ့‌ ကောင်မလေးကို တစ်ချက်ခေါ်လိုက်သည် ။

"ဟုတ်ကဲ့ သခင်လေး "

"ဒီပုံလေးအတိုင်း နားကပ်ကို လုပ်ပေး ငါမနက်ဖြန်လာယူမယ်ဖြစ်တယ်မလား "

"ဟုတ် ဖြစ်စေရပါမယ် သခင်လေး "

"ဒါနဲ့ ပုံစံ လှရဲ့လားတစ်ချက်ကြည့်ပေးဦး "

ကောင်မလေးက စာအုပ်ကိုလှန်ပြီးကြည့်လိုက်သည် ။ ချက်ချင်းဆိုသလို သူမရဲ့ အံဩမှု ပုံရိပ်က ထင်းသွားသည်  ။ သူမ တစ်သက်ဒီလောက်ဆန်းသစ်တဲ့ပုံမျိုး မမြင်ဖူးပေ ။

𝐖𝐡𝐲 ! 𝐈 𝐋𝐨𝐯𝐞 𝐇𝐢𝐦 ? // 𝐓𝐡𝐯𝐉𝐤Where stories live. Discover now