" Hyung ji ..မောင် တို့ ဆက်ဆံရေးကိုပြန်စဉ်းစာဖို့လိုပီထင်တယ်"
Sofaပေါ်တွင် ထိုင်နေသော Jihoon တစ်ယောက် လမ်းခွဲဖို့ စကားရိပ်သန်းလာတဲ့ မောင့် ကို မော့ကြည့်မိသည် ။ အရင်နေ့ကတည်းက လမ်းခွဲဖို့ပြောနေတာ.. ဒီတစ်ကြိမ်သာလမ်းခွဲရင် ၅ကြိမ်မြောက်နေပီဖြစ်သော လမ်းခွဲခြင်းကြောင့် Jihoon ကြိတ်ရယ်မိသည်
"ဘာလို့လဲ မောင်"
"မောင် တို့က ဘယ်လိုမှ ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလေ.. မောင်ကblackဆို Hyung ji က white .ေမာင်က အရှေ့ဆို Hyung ji က အနောက် ..မောင် ကတောင်ဆို Hyung ji ကမြောက်လေဗျာ"
"မောင် ပဲပြောတော့ အဲ့လိုဖြစ်နေတာကိုက လိုက်ဖက်နေတာဆို ချဉ်တဲ့ strawberry နဲ့ ချိုတဲ့ Cream လိုမျိုးဆို မောင်ပဲ အဲ့လိုပေါင်းဖက်မှုမျိုးကြိုက်တယ်ဆို"ပြောရခက်သွားဟန်နဲ့ ပါးစပ်ကလေးစိသွားတဲ့ မောင်က သိပ်ကိုချစ်စရာ..
မတ်တပ်ရပ်နေတဲ့မောင့်ကို မော့ကြည့်ရင်း ကပိုကရိုဖြစ်နေတဲ့ အညိုရောင် sweater အထူလေးကို သေချာပြန်ပြင်လိုက်သည်။ လက်ထဲက ဖုန်းကိုချကာ မောင့်ကို အရင်ထိုင်ဖို့ပြောလိုက်၏..မောင်ကမထိုင်ပါပဲ မတ်တပ်ကလေးသာ လက်ပိုက်ရပ်နေသည်
"မောင်တကယ် လမ်းခွဲချင်တာလား?"
"အင်း.."
"ဘာလို့လဲ"
"ဟာဗျာ ပြောပီးသားလေ"
"မောင်အရင် လေးခါကလဲ ဒီအကြောင်းပြချက်နဲ့ပဲ လမ်းခွဲခဲ့တာလေ"
"ဟုတ်တယ်လေ အဲ့တာ ထပ်ပီးခွင့်အရေးပေး ထပ်ပီးပေးနဲ့ မပြီးတော့ဘူး"အခွင့်အရေးပေးဆိုတဲ့စကားကြောင့် Jihoon မျက်ခံုးေတွတွန့်ချိုးကာ ထိုလူသားငယ်အားစိုက်ကြည့်မိသည်။ Jihoonအကြည့်တွေကြောင့် နေရခက်လာဟန်နဲ့ မောင်အကြည့်တို့ကို လျစ်လျူရှုလျက်ဟာ ရပ်နေ၏
"ပီးရင်ကော Hyung ji စီပြန်လာမှာလား"
"မသိဘူးလေဗျာ"စိတ်ရှုပ်စွာမျက်မှောင်ကလေးကြုံ့ထားတဲ့မောင့်ကိုကြည့်ကာ Jihoon ရယ်မိမလို့ထပ်ပီးဖြစ်ပေမဲ့ ထိန်းထားလိုက်ပါသည် ...မဟုတ်ရင် Watanabe Haruto ဆိုတဲ့ကိုယ်တော်လေးက စိတ်ကောက်အုံးမည်လေ
Jihoon ရင်ခွင်ကို ဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ ကောင်ဆိုးလေးကို သင်ခန်းစာပေးဆုံးမဖို့အချိန်တန်ပီဆိုတာ Jihoon နားလည်လိုက်ပါသည်...
YOU ARE READING
Haruhoon Collection
FanfictionHaruhoon လေးတွေကို ဒီ Collectionလေးထဲမှာပဲ တင်သွားပါမယ့်ရှင့် 🦋❤️🐶