"မငိုနဲ့တော့ ... အကိုနဲ့ တူတူ mart ကို သွားပီး ညစာအတွက် ဝယ်စရာရှိတာတွေဝယ်ရအောင် ... အကို့ ကလေးလေး ဘာစားချင်လဲပြော"
မျက်ရည်တွေကို ဂရုတစိုက်သုတ်ပေးရင်း အပြုံးလေးနဲ့ပြောမေးသူက စတွေ့စက အကိုလိုပါပဲ ။ ဖျောက်မရသေးတဲ့ ဝမ်းနည်းစိတ်ကြောင့် ခေါင်းကို ငုံ့ထားလိုက်၏။ အကိုရဲ့ အနမ်းတစ်ပွင့် နဖူးပေါ်ကို ကျရောက်လာပီး နောက်မေ့စေ့ကနေ ဆွဲမော့ခံလိုက်ရ၏။
"အဆိုးလေး မဂျစ်နဲ့တော့ .. ဘာစားချင်တာလဲပြော"
" Beef spaghetti.."
"လာ ဒါဆို သွားရအောင်"Haruto လက်ကို နွေးထွေးစွာဆုပ်ကိုင်လိုက်တဲ့ အခိုက်အတန့်မှာပဲ နှလုံးသား ဟာ ပြန်လည်နွေးထွေးသွားခဲ့၏။ အကိုကအမြဲအဲ့လိုပါပဲ ဒဏ်ရာတွေပေးပြီးမှ ဆေးတွေ ပေးတတ်လွန်းတယ်။
။
။အသေးစိတ်ရွေးချယ် ဝယ်ယူနေတဲ့အကိုက တိမ်လိပ်လွှာလေးများကဲ့သို့ နူးညံ့စွာ ဖြစ်တည်နေ၏။ Haruto လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားတာကြောင့် ကြည်နူးမှုတို့က ထုံးမွှမ်းထား၏။
"Babe cola ပဲ သောက်မှာလား "
"သေချာတာပေါ့ အကိုကလဲ "
"ဒီကလေး အမြဲ cola ပဲသောက်နေတာ "နဖူးကို ဖွဖွလေးတွန်းရင် ပြောလာတဲ့အကိုက တကယ့်ကို ရွှေရင်အေးလေးပါ။ Haruto တစ်ယောက်တည်းရဲ့ရွှေရင် အေးပေ့ါ
" Jihoon nim ??"
အမျိုးသမီးသံတစ်ခုက Haruto တို့နောက်မှ ထွက်ပေါ်လာ၏။ အကိုက ချက်ချင်းလှည့်ကြည့်ကာ အပြုံးပန်းတို့နဲ့ ချက်ချင်း နှုတ်ဆက်သည် ။ထိုစုံတွဲက အရေးကြီးတဲ့ သူတွေ ဖြစ်ဟန်တူသည် အကိုက တက်ကြွစွာပင် နှုတ်ဆက်နေ၏။ လက်ဖဝါးစီက ပျောက်ကွယ်သွားသော နွေးထွေးမှုကြောင့် Haruto လဲ လက်ကို ယှက်ကာ သီးသန့်ရပ်နေလိုက်၏။ အကိုက သူ့ရုံးကလူတွေနဲ့တွေ့တိုင်း Haruto လက်ကို လွတ်ချမြဲ ခါထုတ်မြဲပါ။
"တူတူလာတဲ့ကောင်လေးက Jihoon nim ရဲ့ ညီလေးလား??"
"ဟုတ်တယ်ဗျာ ကျွန်တော့် အသိညီလေး"
"တကယ် အေချာလေးပဲ ..စကားမစပ် ကျွန်မတို့နဲ့ ညစာတူတူလိုက်စားပါ့လား? အဖွဲ့လိုက် ညစာ စားပွဲလုပ်မလို့"စောနကတင် အငြင်းစကားဆိုထားသော အကို့ကို မျှော်လင့်ချက်တို့ အပြည့်ဖြင့် ငေးကြည့်မိ၏။ ပြန်ကြည့်လာတဲ့ အကို မျက်ဝန်းထဲမှာတော့ အားနာရိပ်တို့ သှက်သမ်းလျှက်။
YOU ARE READING
Haruhoon Collection
FanfictionHaruhoon လေးတွေကို ဒီ Collectionလေးထဲမှာပဲ တင်သွားပါမယ့်ရှင့် 🦋❤️🐶