"အော်...မင်းပဲ"
Ruruလေးနဲ့ ကစားပေးနေတဲ့ လွယ်အိတ်ကလေးနဲ့ Haruto ဆိုတဲ့ လူသားလေးကို Jihoon နှုတ်ဆက်လိုက်သည်။ သို့သော် ဥပေက္ခာပြုကာသာ ဆက်ကစားနေ၏။ ထိုလူသားငယ့် အသွင်ကား အေးစက်လွန်းလှသည် ။ပီးတော့လဲ Jihoon ကို ဘာမှ မပြောပါပဲ ထထွက်သွား၏။
ထိုကလေးနဲ့ ဒီ၃လကျော်အတွင်း ခနခနတွေ့ပေမဲ့ ဥပေက္ခာသာပြုနေသည်။ Jihoon ကို စကားငါးခွန်းထပ်ပိုမဆိုပါ။ ရင်းနှီးချင်ပေမဲ့ အခွင့်မသာခဲ့ပါ။
"ဘယ်လို ကလေးပါလိမ့်"
Jihoonလဲ ကလေးနှစ်ကောင်အတွက်မုန့်လေးတွေကျွေးကာ ကျောင်းသို့သာထွက်သွားလိုက်၏။ ပထမဆုံးကျောင်းဖွင့်ရက်မို့ လူတော့သိပ်ရှိမှာ မဟုတ်သေးဘူးပင်။
ရုံးခန်းထဲရောက်တော့ Jihoon စာ laptop အိပ်ကိုထားကာ .. အနားရှိ café ကို ခနသွားလိုက်၏။ Chocolate Latte လေး တစ်ခွက်ဝယ်ကာ အပြင်သို့ပြန်ထွက်ခဲ့လိုက်သည်။ ရာသီဥတုက အတော်သာယာကာ ဆာကူရာတွေ ပွင့်လန်းနေမို့ Jihoon ခေါင်ူကိုမော့ကာ ပါးပြင်လေးတွေကို လေပြေတို့ ထိခတ်စေရင်း လမ်းလျှောက်နေလိုက်
အကျိုးဆက်ကတော့ဘခလုတ်တိုက်ခြင်းပါ။ ကွန်ကရစ်လမ်းမို့ ပထမဆုံးနေ့မှာတင် နဖူးပေါက်ပါပီဟု ခံစားမိလိုက်ပေမဲ့ ။ Jihoon ခန္ဓာကိုယ်ဟာ လေထဲတွက် ရပ်တန့်သွားသည်။ Balance ညီအောင် ပြန်ဆွဲပေးတာမို့ Jihoon လံပြန်ရပ်နိုင်သွား၏
ထိန်းပေးသူအားလှည့်ကြည့်လိုက်တော့ Haruto...
"အာာ ကျေးဇူးပဲနော် Haruto "
"မလိုပါဘူး"ပြောကာလှည့်ထွက်သွားသည်။ လွယ်အိတ်ကလေးနဲ့အနားမှာတွေ့ရတာမို့ ဒီတက္ကသိုလ်က ကျောင်းသားဖြစ်မည် ထင်ပါရဲ့ ။
Jihoonတစ်ခုခုဖြစ်တိုင်း Haruto ရောက်လာတတ်တာ တော့ အနည်းငယ်ထူးဆန်း၏။ ပီးခဲ့တဲ့ တစ်ခေါက် Jihoon ချော်လဲ ပီး ခြေထောက်နာသွားတုန်းကလည်း ထိုကလေးရောက်လာပီး အိမ်ထိပြန်လိုက်ပို့သည်။ပီးရင် မျက်နှာသေနသွားမြဲ။ထူးဆန်းတဲ့ ကလေးပါပဲလေ
Haruto က Jihoon ကို အမြဲစောင့်ကြည့်နေခဲ့သည်ဆိုတာတော့ Jihoon မသိခဲ့ပါဘူး။
။
။
YOU ARE READING
Haruhoon Collection
FanfictionHaruhoon လေးတွေကို ဒီ Collectionလေးထဲမှာပဲ တင်သွားပါမယ့်ရှင့် 🦋❤️🐶