Xiao's

2.4K 186 1
                                    

💐Unicode💐

ရှောင်းကျန့်ကခပ်ပွေပွေကောင်လေးတစ်ယောက်ဖြစ်ခဲ့ဖူးသည်...

တက္ကသိုလ်ရဲ့အချောအလှတော်တော်များများက ရှောင်းကျန့်နဲ့ပတ်သတ်ခဲ့ဘူးသည်။ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားလို့အပျော်ရှာမိခဲ့တဲ့ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ဆိုတဲ့ဂျူနီယာလေးကိုတော့မြတ်နိုးစွာချစ်မိသွားခဲ့ပါသည်။

သို့ပေမယ့် ဝမ်နဲ့တွဲနေလျက်ကောင်မလေးအချို့နဲ့လည်းအီစီကလီအခြေအနေတွေရှိခဲ့ဖူးတာကိုတော့ဝန်ခံပါသည်။

ဒီလိုတွေဖြစ်လာတိုင်း ဝမ်နဲ့ရန်ဖြစ်စကားများကြသည်မှာနေ့တိုင်းလိုလိုပင်ဖြစ်သည်။

ရှောင်းကျန့်က လွတ်လပ်စွာနေတတ်ပြီးထိန်းချုပ်မှုတွေကိုမကြိုက်တတ်သူဖြစ်သည်။ဝမ်ကတော့ရှောင်းကျန့်ကိုထိန်းချုပ်ရတာကိုကြိုက်တဲ့သူဖြစ်သည်။

ဒီလိုမတူညီတဲ့ရေနဲ့မီးလိုလူနှစ်ယောက်ကချစ်မိသွားကြတဲ့အခါ ပြဿနာများကတစ်နေ့တစ်မျိုးမရိုးအောင်ပင်ဖြစ်ခဲ့ရသည်။

မိဘတွေကသဘောမတူကြသည့်ကြားမှနှစ်ဦးသဘောတူအိမ်ထောင်တစ်ခုကိုတည်ဆောက်ခဲ့ကြသည်။

အိမ်ထောင်ရှင်တစ်ယောင်ဖြစ်လာကတည်းက ရှောင်းကျန့်ကအရာရာဆင်ခြင်တတ်ခဲ့သည်။ရည်းစားတွေ...အီစီကလီတွေလည်းမရှိတော့သလို ဝမ့်အပေါ်မှာသာအချစ်တွေကိုပုံပေးခဲ့သည်။

သို့ပေမယ့် ဝမ့်ရဲ့လွန်ကဲလွန်းတဲ့သဝန်တိုမှုတွေကိုတော့ရှောင်းကျန့်နည်းနည်းလေးမှမကြိုက်ပေ။

'ဘယ်သူနဲ့စကားမပြောရဘူး' 'ဘယ်သူနဲ့မပေါင်းသင်းရဘူး' ဆိုတာကအစထိန်းချုပ်လာတဲ့အခါ ရှောင်းကျန့်က လွတ်ထွက်ချင်မိသည်။

အဲ့ဒီနေ့...အဲ့ဒီနေ့က စျေးဝယ်ထွက်ရင်းအမှတ်မထင် Exကိုတွေ့ခဲ့သည်။သူမကတောက်ပတဲ့မျက်ဝန်းတွေနဲ့အထာတွေပေးလာပေမယ့် ရှောင်းကျန့်အဖို့လုံးဝစိတ်ဝင်စားစရာမရှိပါ...

သူမက ရှောင်းကျန့်ကို ဝမ်နောက်ကွယ်မှုတိတ်တိတ်ကလေးပြန်တွဲဖို့ပြောတဲ့အခါ ရှောင်းကျန့်က သူမကိုမသတီသလိုကြည့်မိသည်။

Hold on [Completed]Opowieści tętniące życiem. Odkryj je teraz