မွေးနေ့ပွဲမှအိမ်သို့ပြန်ရောက်ရောက်ချင်းအ၀တ်အစားမြန်မြန်လဲကာ ညဘက်စာသင်ချိန်ရှိ၍ ဘော်ဒါဘက်သို့ခြေဦးလှည့်ရပြန်သည်။ဘော်ဒါမှာလည်း မိမိအိမ်မှသိပ်မဝေးလှ၍ လမ်းလျှောက်သွား၍ရသည်။နုထက်သင်နေသည့်ဘော်ဒါမှာ မြို့၏ဒိတ်ဒိတ်ကြဲသူဌေးအသိုင်းအဝိုင်းများသာတက်ကြသည့်ဘော်ဒါဖြစ်၍ "ဆုမြတ်" ဘော်ဒါဆိုလျှင်မသိသူမရှိပါ။
နုထက်မှာ ကိုးတန်းနှင့်ဆယ်တန်းကို ဘောဂဗေဒအား ဘာသာပြအနေဖြင့်သင်နေခြင်းဖြစ်သည်။လုပ်သက်နုသေးသော်လည်း နုထက်၏အရည်အချင်းကိုဘော်ဒါအုပ်မှသိနေ၍ အထင်မသေးရဲပေ။နုထက်သည် သာမန်အချိန်တွင်ရိုးရိုးယဉ်ယဉ်အေးအေးဆေးဆေးနေတတ်သော်လည်း စာသင်ခန်းထဲ၀င်လျှင်သွက်သွက်လက်လက်နှင့်နားပေါက်အောင်သင်နိုင်သည့်ဆရာမလေးဖြစ်သည်။
ထို့ပြင် အတန်းသူအတန်းသားများနှင့်လည်း လိုက်လျောညီထွေဖြစ်အောင်နေတတ်၍ နုထက်သည်ကလေးများ၏အချစ်တော်ဖြစ်လေသည်။နုထက်၏အတန်းချိန်သည်စာသင်ခန်းထဲတွင် စာအံစာရွတ်သံမှာအကျယ်ဆုံးဖြစ်သည်။ယနေ့လည်းနုထက် ည၇နာရီခွဲမှ ၈နာရီခွဲအတန်းချိန်အားသင်ရန်သွားရလေသည်။
စာသင်ရသည်မှာမိမိဝါသနာဖြစ်နေ၍ မမောပန်းသော်လည်း စာသင်ပြီးပြန်အထွက်တွင်စိတ်နှလုံးတို့မှာ မောဟိုက်နွမ်းလျနေသည်။အကြောင်းမှာ လူတိုင်းမကင်းနိုင်သည့်နှလုံးသားရောဂါဟုပင်ဆိုရပါလိမ့်မည်။အမှန်စင်စစ် နုထက်သည် ဘော်ဒါအုပ်ဒေါ်ဆုမြတ်မောင်မောင်၏အစ်မဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်ဆုမြတ်မေ၏ တိတ်တခိုးချစ်သူကလေးဖြစ်နေရလေသည်။
ဆယ်တန်းကျောင်းသူဘ၀တွင်စခဲ့သည့်အချစ်မှာ ယခုနှစ်တွင်မှအဖြေစကားကြားရ၍ တရား၀င်ချစ်သူဖြစ်ကြသည်။ချစ်သူဖြစ်ကြသော်လည်း ပုန်းလျိုးကွယ်လျိုးလေးသာချစ်နိုင်ကြလေသည်။လူရှေ့သူရှေ့တွင် မဏ္ဍပ်တိုင်တက်ပြရန်အချိန်အတိုင်းအတာတစ်ခုကိုစောင့်စားနေကြရလေသည်။သို့ဖြစ်၍ ချစ်သူချင်းပြဿနာဖြစ်ကြသည့်အခါလည်း ပေါ်ပေါ်ထင်ထင်ရှင်းရန်အဆင်မပြေလှ။
နုထက်အတန်းချိန်ပြီးသည်နှင့် ဘော်ဒါအုပ်နေထိုင်ရာတိုက်ထဲသို့၀င်သွားကာ ထုံးစံအတိုင်းဟန်မပျက်မေးသဖြင့် ဒေါ်ဆုမြတ်မှ -
![](https://img.wattpad.com/cover/336942721-288-k830935.jpg)
VOCÊ ESTÁ LENDO
Surgeon (Completed)(Unicode)
Romance"ဆာဂျင့်ဘာသာဘယ်လောက်ကြီးကျယ်မြင့်မြတ်နေတဲ့မိန်းမဆိုဆို နုလက်မထပ်ဘူး" နုထက်ကုဋေ