Part : 1

74 5 0
                                    

Unicode

Part : 1

* မြေဆိုတာ မိုးနဲ့ပေါင်းစပ်ခွင့်မရှိသလို ကိုယ်ကလည်းမင်းနဲ့ပေါင်းစည်းခွင့်ကံ မပါလာခဲ့သူလား..*

  တရွေ့ရွေ့ပြေးလွှားနေသော ကျောင်းကားပေါ်၌ ယွီချင်းဟယ်မှေးစက်စွာလိုက်ပါလာခဲ့သည်။​ရှေးဟောင်းသုတေသီမေဂျာယူထားသူအနေဖြင့် ကျောင်းလေ့လာရေးအဖွဲ့နဲ့အတူ မြောက်ပိုင်းရှိရှေးဟောင်းနယ်မြေသို့ လေ့လာရေးခရီးထွက်လာခဲ့​ခြင်းပင်ဖြစ်၏။ယခုခရီးစဥ်မှာ အပျော်ခရီးအဖြစ်သတ်မှတ်နိုင်သလို ကျောင်းစာမေးပွဲအတွက်လည်း အထောက်အကူပြုရာရောက်သည့်အတွက် ကျောင်းမှစီစဥ်ပေးသည့်ခရီးစဥ်သာဖြစ်လေသည်။ခရီးသွားရမှာပျင်းသည့်ယွီချင်းဟယ်အတွက် ပျင်းရိရိဖြစ်သာလိုက်ပါလာခဲ့လေသည်။

"ချင်းဟယ် မင်းအိပ်ပဲအိပ်နေတုန်းလား"

  လင်းယိက အနားနားကပ်ကာပြောလိုက်သော်လည်း ယွိချင်းဟယ်ကပြန်လည်ဖြေကြားခြင်းမရှိဘဲ အိပ်မြဲသာအိပ်နေခဲ့၏။ပြန်ပြောဖို့ပင်နေနေသာသာ မျက်လုံးပင် ဖွင့်မလာခဲ့ချေ။

"သူအိပ်နေတယ်မလား။သွားမနိုးနဲ့တော့ အိပ်ပါစေ။"

  လင်းယဲ့က ညီဖြစ်သူလင်းယိအား ရှုခင်းအားဓာတ်ပုံရိုက်နေရင်းဖြင့်ပင် လှမ်းပြောလိုက်သည်။လင်းယဲ့နဲ့လင်းယိတို့နှစ်ဦးက ယွီချင်းဟယ်နှင့်အတူ ကြီးပြင်းလာခဲ့ကြသော အမွှာကောင်လေးနှစ်ဦးပင်ဖြစ်ချေသည်။သူတို့နှစ်ဦးလုံးမှာ ယွီချင်းဟယ်ထက် တစ်နှစ်ကြီး​ြက၏။

"မနိုးလို့မရဘူးလေ အစ်ကိုရ။သူကျောင်းကစထွက်လာတည်းက အိပ်လာတာ။ညဘက္မအိပ်ရလို့ ခုအိပ်နေတယ်ဆိုရင်တောင် မနိုးပါဘူးဗျာ။ခုဟာက တစ်ညလုံးလည်း အိပ်နေတာကို။"

"အင်းလေ သူ့အကြောင်း မင်းလည်းသိသားနဲ့ကို။ခရီးသွားရမှာပျင်းတဲ့သူက လိုက်လာတာတောင် ကျေးဇူးတင်ဦး။"

"မလိုက်ရင်လည်း ပါမောက္ခအပြစ်ပေးတာ ခံလိုက်တော့ပေါ့။သူက ခရီးသွားရမှာကို ပျင်းတာမဟုတ်ဘူး ကားစီးရမှာကိုမကြိုက်တာလို့ပြောဘူးတယ်။ကားကြောက်တတ်တဲ့ရောဂါရှိတယ်ထင်တယ်နော်။"

"နဂါးဖြူနှင့်အသက်ဆက်ရတနာ"Where stories live. Discover now