Unicode
Part - 2
ရှင်းမရသည့်ပုစ္ဆာတစ်ပုဒ်အား အဖြေရအောင်ရှာနေရခြင်းထက် ပိုဆိုးဝါးလွန်းသည်ဟု ကောက်ချက်ချလိုက်ရုံမှတစ်ပါး ယွီချင်းဟယ် မတတ်နိုင်ခဲ့ချေ။အတတ်နိုင်ဆုံးတော့ မိမိအဖော်များနှင့် လူစုကွဲမထွက်သွားအောင် သူနေရတော့မည်ဟု သတိပြုမိလိုက်တော့သည်။ကိုယ်မသိတဲ့အရာတစ်ခုခုကြောင့် ဒုက္ခဖြစ်မည်အား ယွီချင်းဟယ် လက္မခံနိုင်စရာပင်။ကိုယ့်ကိုကိုယ် ကာကွယ်ရမည်ဟုတွေးနေရင်း မိမိဆီသို့ လင်းယိပြေးလာနေသည်ကို မြင်လိုက်ရတော့သည်။
"လင်းယိ... မင်းဘာကိစ္စနဲ့ အမောတပန်းပြေးလာတာလဲ"
"မင်းကို လာခေါ်တာလေ။ခုနက ဒီနားပတ်ဝန်းကျင်မှာ တိရစ္ဆာန်ခြေရာအချို့တွေ့လို့လေ။ဒါကြောင့် ဆရာက ငါတို့အားလုံးကို လူစုပြီးနေခိုင်းနေတယ်။"
"ဪ ခွေးတွေဘာတွေ ဖြတ်သွားဖြတ်လာလုပ်လို့နေမှာပေါ့။အဲ့လောက်ကြီး အရေးမကြီးပါဘူး။"
"မဟုတ်....အာထားတော့ ဆရာက မင်းကိုခေါ်ခိုင်းလိုက်လို့ ငါလာခေါ်တာ။လိုက်ချင်လဲလိုက်ခဲ့။မလိုက်ချင်လဲလိုက်ခဲ့။"
"အေးပါ။မင်းရှေ့က သွားလေ။"
"ဘာလို့လဲ မင်းကြောက်သွားပြီမလား"
"လင်းယိ မင်းဟိုစကားပုံကြားဖူးလား?"
"ဘယ်စကားပုံလဲ?"
"လမ်းမသိ ခွေးနောက်လိုက် ဆိုတဲ့စကားပုံလေ"
"ဪ ကြားဖူးတယ်။ ဟမ် မင်းငါ့ကို ခွေးလို့ပြောလိုက်တာပေါ့လေ။"
"ဟဲဟဲ မင်းက ကြာလေ ပိန်းလာလေပဲ"
"ခွေးကောင် မင်းမပြေးနဲ့"
"ပြေးမှာပဲ။"
"မိလို့ကတော့ အရေခွံဆုတ်ပစ်မယ်။".
ချင်းဟယ်တစ်ယောက် လင်းယိရဲ့လက်က လွတ်အောင် အလျင်အမြန်ပြေးလာပြီးနောက် ကျောင်းသားအုပ်စုထဲရှိနေသည့် လင်းယဲ့နောက်သို့ ပြေးကပ်လိုက်လေသည်။
"ချင်းဟယ် ဘာဖြစ်လာတာလဲ။"
"ထုံးစံအတိုင်းပဲပေါ့။လင်းယိ အနောက်ကလိုက်လုပ်နေလို့"
YOU ARE READING
"နဂါးဖြူနှင့်အသက်ဆက်ရတနာ"
FantasyFantasy-fiction Start-05/05/2022(Thu) End-...............................