Unicode....
"ခ်ခ်ခ်...."
နန်းတွင်းနှင့်ခမ်းလှမ်းလှမ်းတွင်ရှိသည့် ကျောက်ဆောင်ဘက်သို့ လမ်းလျှောက်လာတာနဲ့ ကြားလိုက်ရသည့် ကလေးငယ်တစ်ဦး၏ရယ်သံ။
"အ့!"
ထိုရယ်သံလေးရှိနေရာသို့ အဝေးကနေလှမ်းကြည့်နေရင်း ထအော်လိုက်သည့်အသံကြောင့် ထိုနေရာဆီသို့သွားနေသည့်သူ့ခြေလှမ်းတို့ဟာ ရပ်တန့်လို့သွားပြီး ကျောက်ခဲဆောင်အကွယ်တစ်နေရာကနေကြည့်မိတော့ ကျောက်ခဲသေးသေးလေးတွေကြားသို့တုတ်နဲ့ထိုးကာဆော့နေသည့်ကလေးငယ်တစ်ဦး။
"အားး!! ကိုက်တယ် ကိုက်တယ် ယောင်းကိုကိုက်တယ်"
ကိုက်တယ် ကိုက်တယ်ဆိုကာ အော်ဟစ်နေသည့်ကလေးငယ်က အော်ဟစ်နေရင်းနဲ့ပင် ထိုနေရာကနေထွက်သွားသည်မို့ ထိုကလေးငယ်၏ကျောပြင်လေးကို သူမျက်စိတစ်ဆုံးလိုက်ကြည့်မိရင်း၊ သူလဲထိုကလေးကိုက်တယ်ဟု အော်သွားသည့်နေရာကို
ဘာအကောင်လဲဟု၍သွားကြည့်မိတော့။"ကိုက်သွားတာတောင်နည်းသေးတယ် ဘယ်နှယ့်ဂဏန်းသေးသေးလေးကိုတုတ်နဲ့သွားထိုးရတယ်လို့"
..
*****
"မင်းသားလေး ပန်းချီဆွဲသင်ရမယ့် အချိန်ကိုရောက်ပါပြီ"အထိန်းတော်ကြီးမင်၏အသံကြောင့် စားပွဲခုံပေါ်တွင်ရှိသည့် စာရွက်ပေါ်ကစုတ်တံကိုင်ထားသည့်သူ့လက်ဟာလဲ ရပ်တန့်လို့သွားပြီး။
"ပန်းချီခန်းမှာထပ် အပြင်မှာသင်ပေးဖို့ ပန်းချီဆရာကို ပြောပေးပါအထိန်းတော်မင်"
"ကောင်းပါပြီမင်းသားလေး"
သူ့အား အရိုအသေပေးကာ ထွက်သွားသည့် အထိန်းတော်မင်ကို ဆက်မကြည့်နေတော့ပဲ စုတ်တံတို့ဖြင့်ရေးနေသည့်စလုံးတွေကိုသာဆက်ရေးလိုက်သည် ထိုသည်မှာက...။
ယောင်း......
ဟု၍အက္ခရာစလုံးတစ်လုံး ထိုစလုံးကို သူ့ဘာကြောင့်ရေးမိမှန်းမသိပါ၊နေ့လည်က ကျောပြင်လေးက သူ့ကိုယ်သူယောင်းဟု၍ပြောလိုက်ထဲက ထိုအက္ခရာစလုံးကိုသာသူချမရေးရမချင်း စိတ်တို့ဟာ နေရအဆင်မပြေလွန်းလှသည်။