Unicode...
"ကိုကိုငိုင်နေပြန်ပြီ ဘာလဲကိုကိုရဲ့ကိုကိုအကြောင်းတွေးနေတာလား"
နောက်ဖွေးတွင်ထိုင်နေသည့်သူ၏ဘေးနားသို့လာထိုင်၍ အသံစွာစွာတို့ဖြင့်ပြောလို့လာသည့်ကလေးအသံလေးကြောင့် ထယ်ယောင်းလှည့်ကြည့်မိရင်း နှစ်ချိုက်စွာပြုံးလိုက်မိတော့၏ ဆံပင်တို့ကိုနှစ်ဖက်ခွဲလို့စီးထားတာမို့ အရှေ့ဆံမိတ်ကလေးကိုလက်ဖဝါးတို့ဖြင့် ဖိသပ်ကာအသည်းယားခြင်းကိုပုံဖော်ပြမိ၍။
"ယွန်းလေးနေကောင်းသွားပြီလား"
"ဟုတ်ကိုကို ဂန်နေကောင်းသွားပြီ"
ယောင်းသဘောကျစွာပြုံးမိသည် ယွန်းဂန်ဆိုတဲ့ကလေးဟာတစ်ခြားလူတွေဘယ်လောက်ပဲယွန်းလို့ခေါ်နေပါစေ သူ့ကိုယ်သူတော့အမြဲဂန်လို့သာပြောတတ်သည်၊ ယွန်းဂန်လေးကိုသာပြောနေတာသူရောဘာထူးလဲ တစ်ခြားလူတွေကဘယ်လောက်သူ့ကိုထယ်ယောင်းလို့ခေါ်နေပါစေ သူ့ကိုယ်သူတော့ယောင်းလို့ပြောတတ်စမြဲပဲမဟုတ်လား။
"ဒီလစာမလာသေးဘူးလားကိုကို"
လတိုင်းရောက်တတ်တဲ့စာကိုမြင်တိုင်းပျော်သွားတတ်တဲ့သူ့ကိုယွန်းဂန်ကတောင်သိလို့နေပြီဖြစ်သည်၊ စာရောက်ရင်ပျော်နေတတ်သလို စာလာမည့်အချိန်ကိုစာရောက်မလာသေးရင်လဲ ယခုလိုမျှော်နေတတ်သလို ငူငူငိုင်ငိုင်လဲဖြစ်နေတတ်သည်၊ ဒါကိုရိပ်မိတဲ့ အရမ်းလည်လွန်းသည့်ယွန်းဂန်လေးကလူကြီးလေးဆန်ဆန်မေးလို့လာတာမို့။
"အ့!ကိုကို"
စပ်စုစိန်လေး၏နှာဖူးလေးကို ထယ်ယောင်းလက်မနှင့်လက်ခလယ်ကို အဝိုင်းပုံသဏ္ဍာန်ပြုလုပ်၍ ခပ်ဖွဖွတောက်လိုက်တော့ ယွန်းဂန်ဟာသူ့၏နှာဖူးလေးကို
လက်သေးသေးတို့ဖြင့်အုပ်၍ သူ့ကိုပြန်အော်သော်ငြား။"ဘာတွေလာစပ်စုနေတာလဲ အတက်ကလေး"
"ဂန်ကစပ်စုတာမဟုတ်ပါဘူးနော် ကိုကိုမျက်နှာမကောင်းလို့လဲမေးရသေးတယ် ကိုကိုကဂန်ဆိုတစ်အားလက်ပါတယ်"
နှာဖူးပေါ်အုပ်ထားသည့်လက်သေးသေးလေးကိုဖယ်၍ ဆူပုတ်ပုတ်ပြောလာတဲ့ယွန်းဂန်လေးကြောင့် သူမျက်လုံးတို့ပင်ပြူးကျယ်လာရတော့သည်၊ ထိုသည်က ကလေး၏နှာဖူးပေါ်တွင်သူတောက်လိုက်သည့်နေရာဟာ နီရဲလာတာကြောင့်ပင်။