ပိုင်လော့ဆိုတာ လူတိုင်းက အရူးလေးလို့ ခေါ်ဝေါ်တာ ခံရတဲ့လူတစ်ယောက်။ အမှန်တော့ သူဟာမရူးသလို တုံးလည်းမတုံးအပါဘူး။ ဒီတိုင်းလေး အဲ့ဒီလူကို သဘောကျနေမိရုံပါ။ ဒါကြောင့်ပဲ ထိုသူအတွက်နဲ့ အရာအားလုံး ပေးအပ်ခဲ့ပြီး သူ့ရဲ့နှလုံးသားကို အလိုရှိတယ်ဆိုရင်တောင် ခွဲထုတ်ကာ ထိုသူ့ရှေ့မှောက်အရောက် အပ်နှံချင်ခဲ့သည်။ သို့သော် ပြန်ရရှိလိုက်တာကတော့ စက်ဆုပ်ရွံရှာမှုမျှသာ။
"မင်းနဲ့ထိုက်တန်လို့လား?" "မင်းငါ့ကို ဒီလောက် မုန်းနေတယ်ဆိုရင်လည်း ဘာလို့များ မင်းဘေးနား ဆက်ထားနေသေးတာလဲ?" အမှောင်ထဲမှ အမျိုးသားဟာ စိုက်ကြည့်လိုက်ပြီး "မင်းက ငါ့ရဲ့ ကစားစရာတစ်ခုအပြင်မပိုဘူး ငါသဘောကျတာ မင်းရဲ့ခန္ဓာကိုယ်ကိုပဲ" ပိုင်လော့က ထိုသူအားပြန်ကြည့်လိုက်ပြီး မျက်လုံးထဲ ပြောမထွက်တဲ့ နာကျင်မှုမျိုး ရှိနေခဲ့သည်။
လွတ်မြောက်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဓားနဲ့ထိုးကာ နာကျင်စေခဲ့ပြီး စကားလုံးများထဲတွင်တော့ တောင်းပန်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ "အခု ဒီခန္ဓာကိုယ်က ပျက်ဆီးသွားပြီ မင်းမကြိုက်တော့ဘူးမလား" ချီ့ယန်က အေးစက်သည့်မျက်၀န်းတစ်စုံ အမူအယာမဲ့နေသောမျက်နှာနှင့် သူ့အား ကြည့်ရှူနေခဲ့သည်။
သို့သော် အေးစက်မှုရဲ့နောက်ကွယ်တွင် မငြိမ်မသက်ဖြစ်နေသည့် နှလုံးသားအား မရပ်တန့်နိုင်ခဲ့ပေ။ နောက်တော့..... အမှန်တရားအားလုံး ပေါ်ထွက်လာခဲ့သည်။ အဲ့ဒီအချိန်တုန်းကလူက အရမ်းတုံးအတာပဲ သူ့ကိုတောင်မမှတ်မိခဲ့ဘူး။ ချီ့ယန်သည် ပိုင်လော့၏ခန္ဓာကိုယ်အား ပွေ့ဖက်ထားရင်း နာကျင်စွာအော်ဟစ်လိုက်သည် "လော့လော့ မင်းပြန်လာခဲ့ပါ မကောင်းဘူးလားဟင်?"
YOU ARE READING
ဆုံးရှုံးပြီးမှ နောင်တရ(Myanmar Translation)
Historical FictionAuthor Name -兔淼淼(Tù Miǎo Miǎo) Title Name -我走后,王爷痛不欲生(After I left, the Prince was in pain)