သူမကြာခင် သေရတော့မယ်
"လော့လော့ မင်းရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေအရ ဒီနှစ် ဆောင်းရာသီကိုတောင် ဖြတ်ကျော်နိုင်မှာ မဟုတ်ဘူး"
ယန်ချန်းက ပိုင်လော့ရဲ့ လက်ပေါ်မှ သွေးခုန်နှုန်း စမ်းသပ်နေသော လက်အား ပြန်ရုတ်သိမ်းလိုက်ပြီး မျက်နှာပေါ်တွင်တော့ ပြောမထွက်နိုင်လောက်အောင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့တယ် "တောင်းပန်ပါတယ် ငါ မင်းကို မကယ်တင်နိုင်ဘူး"
"ကိစ္စမရှိပါဘူး ငါ အစကတည်းက သိထားပြီးသားပါ"
ပိုင်လော့က ယန်ချန်းအား ပြုံးပြလိုက်သည်။ အစကတော့ သူက သမားတော်ယန်ချန်းအား ခဏလောက် စမ်းသပ်ခိုင်းပြီး ကုသနိုင်မယ့် နည်းလမ်း ရှာတွေ့နိုင်လောက်တယ် ဆိုတဲ့အဖြေကို လိုချင်ခဲ့တာဖြစ်သည်။
ကြည့်ရတာတော့ တကယ် မရှိဘူးထင်တယ်...
ဒါပေမယ့် ချီ့ယန်ရဲ့ဘေးမှာ ငါးနှစ်တာ နေထိုင်ခဲ့ရပြီးပြီဆိုရင်ပဲ သူ့အတွက် လုံလောက်နေပါပြီ။
မဖြတ်ကျော်နိုင်ဘူး ဆိုတော့လည်း မဖြတ်ကျော်နိုင်ဘူးပဲပေါ့
ဘယ်လိုပဲဖြစ်ဖြစ် သူသေသွားရင်လည်း ချီ့ယန်ကို စိတ်အေးလက်အေး ဖြစ်သွားစေရုံအပြင် မပိုလောက်ဘူး။
နောက်ပြီး ချီ့ယန်ကို ယောက်ျားတစ်ယောက်နဲ့ အတင်းအကြပ် ဆက်ဆံခိုင်းတာက ချီ့ယန်အတွက်လည်း စိတ်ရှုပ်စရာပဲမဟုတ်လား...
ပိုင်လော့ဟာ အဲ့ဒီအချိန်က အရှင်မင်းကြီးကိုယ်တိုင် အပ်နှင်းခဲ့တဲ့ ချီ့ယန်ရဲ့ ကိုယ်ရံတော်ဖြစ်သည်။ ကိုယ်ရံတော်ဆိုပေမယ့် ပြောရရင် သူ့ရဲ့အဓိကတာဝန်က ချီ့ယန်ကို ကာကွယ်ဖို့မဟုတ်ပဲ ချီ့ယန်ရဲ့ အဆိပ်ဖြေဆေးတစ်ခုအဖြစ်နဲ့ တည်ရှိပေးရုံသာ။
ပိုပြီး တိတိကျကျ ပြောရရင်တော့ အမျိုးသားအချစ်တော်ဟု သတ်မှတ်နိုင်ပေသည်။
ချီ့ယန်သည် ငယ်စဉ်တုန်းက အဆိပ်မိခဲ့တာကြောင့် တချိန်လုံး အားနည်းနေခဲ့ရပြီး ပိုင်လော့ကတော့ သူ့အတွက် အဆိပ်ဖြေဆေးအဖြစ်သို့ ပြောင်းလဲပေးခဲ့ရသည်။
YOU ARE READING
ဆုံးရှုံးပြီးမှ နောင်တရ(Myanmar Translation)
Historical FictionAuthor Name -兔淼淼(Tù Miǎo Miǎo) Title Name -我走后,王爷痛不欲生(After I left, the Prince was in pain)