အသေးလေးစိတ်ထဲတွင်ကယောင်ချောက်ချားဖြစ်နေလေသည်။
*ကိုကို့ရဲ့အရှိန်အဝါကဘာလို့ပြောင်းသွားတာလဲ*ပြန်မှတ်မိသွားတာလားမဖြစ်နိုင်တာ*
မဟုတ်ဘူးမလားဆိုကာခြောက်ခြားသွားသည်*ပြန်မှတ်မိသွားခဲ့ရင်ကိုကို့ညီလေးကျွန်တော့်ကိုမမုန်းလောက်ဘူးမလားကိုကို ကျွန်တော့်အမှားတွေကိုပြင်ဖို့ ကိုကို့ရဲ့system နေရာယူခဲ့တာပါ*
'အီး ..ဟီး...ဟင့် host ကျွန်တော်တောင်းပန်ပါတယ် အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးဟင့် '
'ဟာ..ဟေ့ ဘာလို့ငိုနေတာလဲဟ ငါစလိုက်တာပါကွာ မငိုနဲ့ တိတ်တိတ်'
*ဘယ်တုန်းကငါ့ညီ အငိုသန်သွားတာပါလိမ့် ငါမင်းကို ငါ့ကိုညာခဲ့လို့ စိတ်ဆိုးရုံပါ ငါကောင်းဖို့ညာတာသိပေမဲ့ မင်းမညာခဲ့ဘဲ အဖြစ်မှန်ကိုစောစောသိခဲ့ရင် ငါ့ဝိဥာဏ်ကွဲသွားခဲ့မှာမဟုတ်ဘူး ဟူး...*'ဟင့် host ကခုနကကြောက်စရာကြီးကိုလို့ အီး....ဟီး.. '
*ဟင့် ကိုကိုမျက်လုံးတွေထဲကအရိပ်တွေမှာငါ့ကိုမုန်းတဲ့အရိပ်ယောင်မရှိဘူးပဲ ပျော်လိုက်တာ *'ကဲတိတ်တော့ မင်းမုန့်စားလို့ရတယ်မလား ငါမုန့်ဝယ်ထည့်ပေးမယ်လေ မငိုနဲ့တော့လိမ္မာတယ်'
အဲ့လိုပြောတော့အသေးလေးအငိုတိတ်သွားလေသည်
အသေးလေးတို့များမုန့်ဆိုတာနဲ့ မျက်လုံးကဘလင်းဘလင်းနဲ့အရောင်တောက်နေလေရဲ့'ဟုတ်ကဲ့ host ကကျွန်တော်မုန့်စားလို့ရပါတယ် ကြက်ကြော်ရယ်cola ရယ် အာလူးချောင်းကြော်ရယ် ရေခဲမုန့်ရယ်ဝယ်ကျွေးနော် host'
'ဟ မင်းဟာကများလှချည်လား ကဲပါ ဝယ်ထည့်ပေးလိုက်မယ် ငါလဲစားချင်နေတာဆိုတော့လေ
အခုတော့ အပြင်က ငါ့ကို မီးတောက်နေတဲ့မျက်လုံးနဲ့ ဗီလိန်ကြီးကို အရင်ရှင်းအောင်လေ ကြက်သီးတောင်ထတယ်ကြည့်နေတာ ဂလု...'ဗီလိန်ချင်းရှန့်စိတ်ထဲတွင်
*တောက်စ် ကလေးကဘယ်သူ့ကိုစိတ်ထဲတွေးနေတာလဲ ကလေးစိတ်ကိုဘယ်သူသိမ်းပိုက်ထားတာလဲ ကလေးစိတ်ကငါ့ဆီမှာပဲရှိရမယ် ထပ်ပြီး ဘယ်သူ့ဆီမာမှအပါမခံနိုင်တော့ဘူး ထပ်အဆုံးရူံးမခံနိုင်ဘူး*
YOU ARE READING
Black system
Romanceမဂ်လာပါ host ! black system ကနေကြိုဆိုပါတယ် . *ဟမ် ငါဘယ်ရောက်နေတာလဲ ငါထမင်းစားပြီးငါးရိုးလေးပဲကိုက်နေတာလေ* *မဟုတ်မှ ....ငါးရိုးနင်ပြီး သေသွားတယ်လို့တော့မပြောနဲ့နော်..!!!!* စိတ်မကောင်းစွာနဲ့ပြောရရင်တော့ ဟုတ်ပါတယ် host !.