'ချီး...ငါသိတာနဲ့ဘာမှမကွာဘူး'
'အယ်...Hostကလဲ ကျနော်လဲသိတာပြောပြတာပဲကို အထက်ကဘာမှမပြောလိုက်ဘူး'
'သွား သွားစုံစမ်းချည်ဆင်ခြေတွေလာမပေးနဲ့ မဟုတ်ရင်ဘာမုန့်မှမထည့်ပေးဘူးနော်အသေးလေး'
'အူးဝါး.... Hostကအနိုင်ကျင့်တယ်စိတ်ပုတ်ကြီးhost'ငိုပြီးစုံစမ်းဖို့ထွက်သွားလေရဲ့ ဟွန့်ကိုကိုစုတ် '
'ဟွန့် ငါ့ကိုများမလိမ့်တပတ်နဲ့ညီလေးရာ မင်းငယ်ပါသေးတယ်ချီးထုတ်လေး အထက်ကဟာတွေလဲချီးပဲ အခုမှပထမကမ္ဘာမဟုတ်ဘူးလား မတရားတာတွေ ကျစ်.....'
'ငါ့စိတ်ထင်တာလား ဇာတ်လိုက်ကကိုကိုလား??? ':(
'ငါလင်းရှန့်ကို ဒီလိုအချိုးမျိုးလာချိုးလို့မရဘူးလေဟားဟား.. သူ့ဘေးနားမှာတော့အလင်းလုံးတွေကနာနာခံခံနဲ့သူ့ခန္ဓာကိုယ်ကိုရစ်ပတ်နေလေတယ် အလင်းလေး မင်းဒီကမ္ဘာအကြောင်းသွားစုံစမ်းလိုက်ဦး။ အကြာကြီးမစောင့်ရစေနဲ့ သွားတော့ '
ပြောနေသောသူရဲ့ မျက်လုံးတစ်စုံကအေးစက်နေလေသည်။**ကိုကို မင်းကငါ့ကိုသစ္စာဖောက်ပြီးပြန်လိုချင်နေတာလားဟာသပဲ ငါမင်းကိုလုံးဝခွင့်လွှတ်မှာမဟုတ်ဘူးတစ်ခါခြံခုန်ဖူးသူက နောက်ထပ်လဲထပ်ခုန်မယ်ဆိုတာငါသိနေတယ်ကိုကို အဲ့တော့ငါ့ရဲ့ယုံကြည်ချက်ကိုမင်းဘယ်တော့မှပြန်ရမှာမဟုတ်တော့ဘူး ငါတို့ရဲ့ပတ်သတ်မှုကဒီမှာတင်အဆုံးသတ်သင့်ပြီ**
လင်းရှန့်တစ်ယောက် အတန်းတတ်ပြီး ထမင်းစားချိန်ရောက်ချိန်မှာတော့ ဗီလိန်ချင်းရှန့်နဲ့ဇာတ်လိုက်ကောင်တို့အတန်းဝတွင်စောင့်နေတာတွေ့လိုက်ရသည်။
အတန်းထဲတွင်တီးတိုးသံတွေဆူညံနေလေရဲ့
Girl 1 "ဝါး.. သူတို့နှစ်ယောက်ကဘာလာလုပ်ကြတာတုန်း "
Boy 1 "ကျစ် ကျစ် ကြည့်တာနဲ့မသိဘူးလား ငါတို့အတန်းထဲမှာကျောင်းရဲ့နတ်သမီးရှိနေလို့လာကြတာလေ"
Girl 2"ဟုတ်ရဲ့လားကွာ နင်ကလဲဇွတ်ပဲ ငါတော့သူမအလှဆုံးလို့မထင်ပါဘူး ဟိုမှာတော့နောက်ဆုံးတန်းမှာနတ်သားတစ်ပါးထိုင်နေကြ နင်တို့မမြင်ကြဘူးလား ငါတော့သူအချောဆုံးလို့ပဲမြင်တယ် "
YOU ARE READING
Black system
Romanceမဂ်လာပါ host ! black system ကနေကြိုဆိုပါတယ် . *ဟမ် ငါဘယ်ရောက်နေတာလဲ ငါထမင်းစားပြီးငါးရိုးလေးပဲကိုက်နေတာလေ* *မဟုတ်မှ ....ငါးရိုးနင်ပြီး သေသွားတယ်လို့တော့မပြောနဲ့နော်..!!!!* စိတ်မကောင်းစွာနဲ့ပြောရရင်တော့ ဟုတ်ပါတယ် host !.