(၁)

16 0 0
                                    


2019 ခုနှစ်ရဲ့ နေ့တစ်နေ့တွင် ဖြစ်သည်။

ည12 နာရီမှာ ကျွန်တော်ဟာ အိပ်မပျော်ခြင်းတွေကို Phone Screen လေးကို ထောက်ပြီး အံတုနေခဲ့ရတယ်။ Facebook Icon လေးကို နှိပ်ပြီး New Feed မှာတက်လာသော သတင်းများ၊ပုံများကို ကြည့်နေခဲ့တယ်။ အရမ်းချစ်စရာ ကောင်းသော ဝတုတ်မလေး တစ်ယောက်ဟာ တခြားမိန်းကလေး သုံးယောက်နှင့် ဘောလုံး လုနေသော ပုံလေးတက်လာတာ တွေ့လိုက်ရတယ်။ ကျွန်တော်သူ့ကို မြင်မြင်ခြင်းဘဲ ခင်မင်ရင်းနှီးချင်ခဲ့မိတယ်။ ကျွန်တော့် မသိစိတ်ကတော့ သူမကို ချစ်မိနေပြီထင်သည်။

ကျွန်တော် သူရဲ့ ဖေ့စ်ဘုတ် ပရိုဖိုင်းလ် လေးကို နှိပ်ပြီး သူမရဲ့ အကောက်ထဲကို တစ်ချက်ဝင်ကြည့်ခဲ့တယ်။ နာမည်ကို ကိုရီးယားလိုရေးထားတယ်။ ကျွန်တော်ဟာ ထို့အရင် ၄လလောက်က ကိုရီးယားဘာသာစကား သင်တန်းကို အခြေခံမျှလောက် သင်ခဲ့ဖူးတာကြောင့် သူမနာမည်လေးကို ဖတ်တတ်ခဲ့တယ်။

သူမ၏ အကောက် နာမည်က ဂျွန်မီ ဟူ၍ ဖြစ်သည်။
ကျွန်တော် ထင်ခဲ့သည်မှာ အင်္ဂလိပ်နာမည်ကို ကိုရီးယားလို ပြန်ရေးထားခြင်း ဖြစ်သည်ဟု မှတ်ချက်ချခဲ့မိသည်။ ဒါပေမယ့် ထိုမှတ်ချက်ဟာ မှားယွန်းခဲ့သည်။

တစ်ခဏမျှအကြာတွင် သူမ၏ အကောက်ထဲသို့ ဝငိမွှေကြည့်ရာ မျက်နှာပြည့်ပြည့်နှင့် ချစ်စရာကောင်မလေးတစ်ယောက် မန္တလေးမြို့ ၆၂လမ်း ပေါ်ရှိ ကုသိုလ်တော် ဘုရားရင်ပြင်တွင် ကြာပန်းလေးကိုင်ပြီး မျက်နှာတစ်ခြမ်းကို ဆင်ပင်ဖြင့် ဖုံးအုပ်ထားသည့် ပုံလေးအားတွေ့ခဲ့ရသည်။ သူမပုံစံ ဝဝကစ်ကစ်လေးအား ကျွန်တော် အရမ်းချစ်ခဲ့မိသည်။ ကြည့်ပြီး ရင်ထဲတွင် အေးချမ်းသယောင် ဖြစ်ခဲ့ရသည်။ ထိုပုံမှ အောက်သို့ ထပ်ဆွဲကြည့်လိုက်ရာ MUFL University အတွင်းရှိ ရေကန်နံဘေးတွင် မတ်တပ်ရပ်နေသော ကောင်မလေးတစ်ယောက် နှုတ်ခမ်းမွှေးရေးရေး လေးနှင့် အရမ်းချစ်ဖို့ကောင်းနေပြန်သည်။ ကျွန်တော် ပို၍ ချစ်မိသွားပြန်ပြီ။ ထိုပုံ အောက်သို့ ထပ်ဆွဲလိုက်ရာ စာသင်ခန်းထဲတွင် ထိုင်ခုံပေါ်ထိုင်၍ ပန်ကာသေးသေးလေးကို ခေါင်းပေါ် တင်ပြီး မျက်ခုံးလေး ပင့်ထားသော ပုံလေးကို မြင်ရသည်။ ကျွန်တော် ချစ်မိခဲ့ပြန်သည်။ သူမပုံလေးမှာ အရမ်းအပြစ်ကင်းစင်လှသည်။

ကြည့်လို့မဝသေးခင်မှာဘဲ အိမ်ကို သူငယ်ချင်း ရောက်လာပြီး

" ယောက်ဖ မိန်းကလေးဆောင်ရှေ့ ဂစ်တာသွားတီးရအောင် "

သူ့ပုံစံက မလိုက်ဘူး ဟု ငြင်းလို့ရမယ့်ပုံ မပေါ်ပေ။ ဒါပေမယ့် ကျွန်တော် ငြင်းခဲ့သည်။

"ငါ မအားသေးဘူးကွ၊ ဒီမှာ အရမ်းချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လို့ သူငယ်ချင်းဖြစ်ဖို့ ကြိုးစားမလို့"

"နေစမ်းပါကွာ နောက်မှပြော ဖေ့စ်ဘုတ်ကြီးက ဘယ်မှ ထွက်မပြေးဘူး"

"အေးပါကွာ လိုက်ခဲ့ပါမယ်"

လိုက်သွားဖို့ သဘောတူလိုက်ပေမယ့် ကျွန်တော့် စိတ်ထဲတွင်တော့ လိုက်ချင်စိတ်မရှိ။ ဒါပေမယ့် ပြောမရမယ့်အဆုံး ဂစ်တာအိတ်လွယ်ပြီး "မိန်း" ထဲရှိ မိန်းကလေးဆောင် တစ်ခုရှေ့တွင် ဂစ်တာတီးလေသည်။

"မိန်း" ဆိုတာဟာ မန္တလေးမြို့ရှိ ကျောင်းသူ၊ကျောင်းသား များအတွက် အဆောင်များရှိနေတာကြောင့် ကျောင်းသူ၊ကျောင်းသားများ စုဝေးရာ နေရာအဖြစ် လူသိများကြသည်။ ကျွန်တော်တို့လို လူငယ်များလဲ ကျောင်းသူမိန်းကလေးများကို ပိုးပမ်းရန် တွေ့ဆုံရန် အကောင်းဆုံးနေရာပင်ဖြစ်သည်။

ဂစ်တာပင် ကောင်းကောင်း မတီးနိုင်ဘဲ သူမပုံလေးကို မျက်လုံးထဲက မထွက်တာကြောင့် ဂစ်တာကို အလွဲလွဲ အချော်ချော်တီးခတ်ပြီး အိမ်ပြန်လာခဲ့ရသည်။

အိမ်ပြန်ရောက်သောအခါ သူမရဲ့ အကောက် လေးကို ထပ်မွှေနှောက်ကြည့်မိသေးသည်။ အိမ်ပြန်ရောက်ချိန်က သန်းခေါ်အကျော် 12:45 ဝန်းကျင်ရှိပြီဖြစ်သည်။ သူမ အကောက် လေးကို ကြည့်ပြီး မကြာခင် အိပ်ယာဝင်ခဲ့သည်။

ထိုနေ့က သူမပုံလေးတွေကို အာရုံထဲက မထုတ်နိုင်ဘဲ အိမ်မက်များပင် မက်ခဲ့လေသေးသည်။

တစ်နေ့နေ့ဆိုပေမယ့် ဝေးခဲ့သည်Where stories live. Discover now