ခါတိုင်းနေ့တွေလိုဘဲ ကျွန်တော် စောစောစီးစီး အိပ်ယာကနိုးနေပြီ။ ဒီနေ့တော့ ရင်ထဲတွင် ပျော်သလိုလို ဝမ်းနည်းသလိုလို။ ငယ်ငယ္က စာမရလို့ အရိုက်ခံရမှာ ကြိုသိနေတဲ့ ခံစားချက်ကြီး ဖြစ်နေသည်ဟု ပြောရမည်။
"Hello! Morning Ma Ma John" ဟု စာပို့ခါ နှုတ်ဆက်ထားလိုက်သည်။ သူမကတော့ လိုင်းပင်မတက်သေး။ ကျွန်တော် လိုင်းတက်တာ စောနေခြင်းလဲ ဖြစ်ပေလိမ့်မည်။ တစ်နာရီခန့် အကြာမှ သူမ စာပြန်လာသည်။ ဒီနေ့မှ သူမ နာမည်အရင်းကို ကျွန်တော် သိလိုက်ရသည်။
"ဘယ်က မမဂျွန်လဲ"
"မမကို ပြောတာလေ၊ နာမည်က ဂျွန်မီ မဟုတ်ဘူးလား၊ ဘာလဲ ကိုရီးယားစာ မဖတ်တတ်ဘူးထင်လို့လား"
"မဟုတ်ပါဘူးဟ၊ နာမည်အရင်းက ဇင်မီမီထွန်း ပါ။ ကိုရီးယား အက္ခရာ မွာက "ဇ" အသံထွက်တဲ့ အက္ခရာမရှိဘူးလေ၊ ဒါကြောင့် အဆင်ပြေသလို အစားထိုးသုံးရတာ ရှင့်"
"အော် ဟုတ်၊ မသိလို့ပါ""ဘာ ဟုတ်လဲ၊ မသိဘူးမို့လား"
" ဟဲဟဲ အနည်းငယ်တော့ သိပါတယ္ဗ်""မသိဘူးတော့လုပ်ပါ၊ လာလိမ်မနေနဲ့"
"မလိမ်ပါဘူး ကိုရီးယားသွားဖို့ သင်တန်းတက်လိုက်သေးတယ်၊ စာမကျက်ချင်တာနဲ့ ထွက်လိုက်တာ" ဟု ပြောလိုက်သည်။ ဒီတစ်ခါက သူမက မေးခွန်းစမေးသည်။"ဒါနဲ့ မမခေါ်နေတော့ အသက်က ဘယ်လောက်လဲ"
"ဆယ့်ရှစ်ပါဗျ ၊ ကလေးလေးရှိသေးတာ""ဒီက ဆယ့်ရှစ်နှစ်ပြည့်ဖို့ လပိုင်းလောက် လိုသေးတယ်ရှင့်"
"ဟုတ်လား ဒါဆို ညီမလေးပေါ့"
"ဟုတ်ကဲ့ ရှင့် ညီမလေးပါ"
"မြင်ဖူးချင်လို့ ၊ ဗွီဒီယိုကော(Video Call) ပြောလို့ရလား" ဟုမေးလိုက်သည်။ ပြောသာပြောလိုက်ရတာ ပြောပြီးမှ အတွေးတစ်ခုဝင်လာတာက လိုင်းပေါ်ပတ်ကြောင်နေတဲ့ကောင်လို့ ထင်သွားမှာလဲ စိုးရိမ်သည်။"ညီမအဆင်ပြေမှပါ၊ အားမနာနဲ့နော် အဆင်မပြေလဲရတယ်"
"ဟုတ် ခနနော်" ဟု သူမပြန်ပြောသည်။ကျွန်တော် သူမ မျက်နှာလေးမြင်ရတော့မည် ဖြစ်၍ ပျော်သွားသည်။ အချိန်အနည်းငယ်ကြာသွားသည်မို့ သူမ အလှပြင်နေသည် ထင်မိလိုက်သည်။ ဒါကြောင့် စလိုက်သည်။
YOU ARE READING
တစ်နေ့နေ့ဆိုပေမယ့် ဝေးခဲ့သည်
RomanceZawGyi စာရေးသူ၏ ကိုယ်တွေ့ ဖြစ်ရပ်မှန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးသားထားခြင်းဖြစ်သည် Zaw Gyi Font နဲ့. Unicode Font အတွက် တစ်ခါတင်ရင် နှစ်မျိုး တင်ပေးပါ့မယ်ဗျ Unicode စာရေးသူ၏ ကိုယ်တွေ့ ဖြစ်ရပ်မှာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ရေးသားထားခြင်းဖြစ်သည် Z...