Chapter-13.2

1.2K 144 2
                                    

အခန်း (၁၃) (ခ)

ဟွမ်းယီ ၏ ပွဲကျင်းပသည့်နေ့၊ ပွဲကျင်းပသည့်ဟိုတယ်တွင် မီဒီယာမျိုးစုံက ဝန်းရံနေကြသည်။ မရေမတွက်နိုင်သော မိုက်ခ်များနှင့် ကင်မရာများသည် တံခါးဝဆီသို့ ချိန်ရွယ်ထားကြ၏။ အနုပညာရှင် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာတာနဲ့အမျှ သတင်းထောက်များမှာ ပိုပိုပြီး စိတ်လှုပ်ရှားလာကြသည်။ မနက်ဖြန်တော့ ခေါင်းစီးသတင်းတွေကို ဟွမ်းယီက လက်ဝါးကြီးအုပ်ထားလိမ့်မည်ဟု သူတို့ခန့်မှန်းခဲ့ကြ၏။

ရုတ်တရတ်ကြီး ဟွမ်းယီအဖြစ် ထွက်ပေါ်မလာခင်တွင် ဤလျှို့ဝှက်ဆန်းကြယ်သော ကုမ္ပဏီသစ်အကြောင်း လူအနည်းငယ်သာ သိခဲ့ကြတာဖြစ်သည်။ ၎င်းသည် အရှိန်မြန်မြန်ဖြင့် ဖျော်ဖြေရေး ကုမ္ပဏီများစွာကို ဝယ်ယူခဲ့သည်။ နာမည်ကျော် အနုပညာရှင်များစွာကို ဤကုမ္ပဏီမှ ခေါ်ယူခဲ့၏။ သို့သော် ထိုသတင်းများမှာ တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားသည်ဖြစ်ပြီး ယနေ့အချိန်အထိ တရားဝင်ကြေငြာခြင်းမရှိသေးပေ။

လူတော်တော်များများမှာ ဒီလောက် အံ့ဩစရာကောင်းတဲ့ ဟွမ်းယီရဲ့ နောက်ကွယ်က ကျောထောက်နောက်ခံအကြောင်းကို စပ်စုချင်ခဲ့ကြသည်။ သို့သော် လုမိသားစု ဆိုသည့် စကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ ပင့်သက်မရှိုက်ဘဲ မနေနိုင်ကြတော့ပေ။

ရုန်မြို့တော်ရဲ့ လုမိသားစုပဲ။

သူတို့က တကယ်ကြီးပဲ အနုပညာနယ်ပယ်ထဲကို ခြေ‌တစ်လှမ်း လှမ်းလိုက်ပြီဆိုတော့ နေ့ရက်တွေက ပြောင်းလဲတော့မှာလား...

အများစုမှာ အရူးလိုပင် နှလုံးခုန်နေကြသော်လည်း ဟိုတယ်အပြင်ဘက်တွင်စောင့်နေသော သတင်းထောက်များကတော့ မထိန်းချုပ်နိုင်ပေ။ ဟိုတယ်ရှေ့တွင် ကျီလင်းသည် ကားပေါ်က ဆင်းလိုက်သည်နှင့် သတင်းထောက်များသည် ဓာတ်ပုံရိုက်သည့်ခလုတ်ကို တစ်ဖျတ်ဖျတ် နှိပ်လိုက်ကြ၏။ မီဒီယာများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် ပွထနေသည်။

"အဲ့ဒါ ကျီလင်းပဲ"

"အိုးခိုင်မော့ ကျီလင်းတောင်မှ သူတို့နဲ့ စာချုပ်ချုပ်လိုက်ပြီပဲ။ ဟွမ်းယီကတော့ ဒီတစ်ခေါက် ခြေလှမ်းအကြီးကြီး လှမ်းတော့မယ် ထင်တယ်။"

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now