Ch-20.1

813 96 0
                                    

အခန်း (၂၀) (က)

စစ်ယွီသည် ကျီလင်းအား စိတ်မြန်လက်မြန်ပင် ဆွဲခေါ်ကာ ဟိုတယ်သို့ ပြန်သွားခဲ့သည်။ ပဉ္စမသခင်လုနားတွင် တဝဲလည်လည်ဖြစ်နေသော ကြောက်မက်ဖွယ် ကံမကောင်းမှု ပမာဏကြီးကို သူမ ပြန်မှတ်မိလိုက်သောအခါ စစ်ယွီမှာ ခြေလှမ်းများပင် မှားသွားရ၏။ ကျီလင်းလို ကံအရမ်းကောင်းတဲ့ လူတစ်ယောက်ကသာ သူမအနားမှာ ရှိနေတယ်ဆိုရင် ပဉ္စမသခင်လုရဲ့ ပြင်းထန်တဲ့ ကြောက်မက်ဖွယ်ရောင်ဝါကို ပျက်ပြယ်သွားစေနိုင်လောက်တယ်ဟု သူမ,တွေးလိုက်သည်။ ထို့ကြောင့် သူမသည် ကျီလင်းကို အလျင်အမြန် ဆွဲခေါ်ခဲ့လိုက်၏။

သို့သော် စစ်ယွီသည် လမ်းတစ်ဝက်လောက်ရောက်မှ ဒီအကြံက မသင့်တော်လောက်ကြောင်း သဘောပေါက်လိုက်မိသည်။ ဒီကိစ္စက ကျီလင်းနဲ့ ဘာမှ မဆိုင်ဘူးလေ။ သူ့ကို ဒီထဲ ဆွဲသွင်းတာ မကောင်းပါဘူး ဟုတ်တယ်မလား ။

အဲ့ဒါအပြင် တစ်ဖက်လူသည် တွေးမမှီနိုင်လောက်အောင် ခက်ခဲတဲ့ အရူးတစ်ယောက်ဖြစ်သည်။ ပဋိပက္ခများဖြစ်ကြရင် ဘယ်လိုလုပ်မလဲ...

ထိုအချိန်တွင် သူတို့ နှစ်ယောက်သည် လမ်းကြားထဲမှ ထွက်လာပြီး လမ်းမကြီးပေါ် ရောက်နေပြီဖြစ်သည်။ စစ်ယွီသည် ကျီလင်းကို လွှတ်ပေးလိုက်၏။ သူမသည် သူ့ကိုတွန်းပြီး ပြောလိုက်သည်။ "နင် ဟိုတယ်ကို အရင်ပြန်နှင့်။ ငါလုပ်စရာရှိသေးလို့ ခဏနေမှ ပြန်ခဲ့မယ်။"

ကျီလင်းမှာ အစကနေ အဆုံးထိ စိတ်ရှုပ်ထွေးနေခဲ့တာ ဖြစ်သည်။ ဘာဖြစ်သွားလဲဆိုတာတောင် သူ သေချာမသိလိုက်ပေ။ စီယွီ၏ မျက်နှာပေါ်မှ စိုးရိမ်မှုများကို မြင်လိုက်ရသောအခါ သံသယဝင်လာပြီး မေးလိုက်သည်။ "စစ်ယွီကျဲ ၊ ကျဲကို ခုနက ဘယ်သူခေါ်တာလဲ။"

ကျီလင်းသည် သူ ဒါကိုထုတ်မေးလိုက်မိတာနဲ့ ချက်ချင်းပဲ ဒီမေးခွန်းက စည်းကျော်လွန်းတယ်ဟု ခံစားလိုက်ရ၏။ သူ့အစ်မက သူ့ကို အရမ်းဝင်စွက်ဖက်တတ်တဲ့ ကောင်လေးလို့ ထင်ခံရမှာစိုးသောကြောင့် သူသည် သူ့မေးခွန်းကို ခပ်မြန်မြန်ပဲ ဖုံးကွယ်ဖို့ ထပ်ပြောလိုက်သည်။ "အရမ်းနောက်ကျနေပြီ၊ ကျဲလို မိန်းကလေးတစ်ယောက်တည်း အပြင်မှာ ရှိနေတာ မလုံခြုံဘူး..."

အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်မအဖြစ်သို့ ကူးပြောင်းလာခြင်း Where stories live. Discover now