.
.
.
.
."ဒီတစ်ခေါက် Missionမှာ Zoroနဲ့Namiကို သွားစေချင်တယ်.."
ခေါင်းဆောင်ဖြစ်တဲ့ Luffyရဲ့စကားအဆုံးတွင် မည်သည့်အသံမှ ထွက်မလာပေ။
Missionကို လက်ခံသည့် သဘောဖြင့် ခေါင်းငြိမ့်လိုက်သည့် Zoroမှ လွဲ၍ ကျန်သူတို့မှာ လှုပ်ရှားမှုများရပ်တန့်လို့ တိတ်ဆိတ်နေကြသည်။
သို့သော် Zoroနဲ့ ဆန့်ကျင်စွာ Missionတွင်မပါဝင်သည့် Sanjiက..."ငါတော့ Nami-sanကို မသွားစေချင်ဘူး။ ဒီတစ်ခေါက်က အန္တာရယ်များတယ်မလား?..မတော်လို့များ Nami-sanတစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ.."
"သူနဲ့လိုက်မယ့်လူက ဘယ်သူလဲဆိုတာ မင်းတကယ်ပဲမသိတာလား နှာဘူးCook"
"သိတယ်ကွ..မင်းဝင်မပါနဲ့..ငါပြောနေတာ Luffyကို!!"
"ဘာပြောလိုက်တာလဲ..Cook..ဟမ်!!"
"ဟုတ်ပြီလေ..ဒါဆို Nami နင်မလိုက်နဲ့တော့..အဲ့ဒီ့အစား Sanji မင်းလိုက်သွား..."
"ဟမ်!!"
မလိုက်ရတော့သည့် Namiမှာ ဝမ်းသာသွားသဖြင့် သက်ပြင်းမောလေး ချလိုက်ပေမယ့်
Namiအစား လိုက်ရမည့် Sanjiကတော့ ဆန့်ကျင်ဘက်စွာ အလွန်ပင် ထိတ်လိန့်သွားသည်။"ဘာ..ဘာလို့လဲ.."
"မင်းပြောတော့ Namiအတွက် အန္တရယ်များတယ်ဆို အဲ့ဒါကြောင့်မင်းက အစားလိုက်ရမှာပေါ့."
Luffyက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။
"ဒါပေမယ့်..အခုက မိန်းကလေးနဲ့ယောက်ျားလေးတွဲသွားရမယ့် Missionလေ..Marimoရော ငါရောက ယောက်ျားလေးတွေလေ Luffy."
"အင်း~~ဒါဆို မင်းတို့နှစ်ယောက်ထဲက တစ်ယောက်က မိန်းကလေးလို ပြင်လိုက်"
Luffyက အတည်ကြီးပြောနေတာမို့ Sanjiမှာ ဘာမှပြန်မပြောနိုင်တော့ပေ။ ထိုအစား သူ့ဘေးတွင် အခုထိ ရပ်နေသေးတဲ့ Marimoကိုသာ မကျေမနပ်ဖြင့် စိုက်ကြည့်နေလိုက်သည်။
သူ ကြည့်နေတာကို သတိထားမိသည့် Marimoကလည်း သူ့ကို ပြန်ကြည့်သည်။ ရိုးရိုးအကြည့်တော့မဟုတ်။ လှောင်ပြုံးနှင့်အတူ ကြည့်လာသည့် အကြည့်ဖြစ်သည်။"အဲ့ဒါဆို ထမင်းချက်ကို မိန်းကလေးလိုသာ ပြင်ပေးလိုက်...ငါခန္ဓာကိုယ်နဲ့က အဲ့လိုပြင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး"
YOU ARE READING
〘Love Is Mission〙(Completed)
FanfictionZoSan Shipလေးပါ။ အရေးအသားကတော့ အခုမှ စရေးမှာမို့ သည်းခံပေးကြပါ။ Uni+Zawgyi နှစ်မျိုးလုံး လုပ်ပေးထားပါတယ်။ အဆင်မပြေရင် လာပြောကြပါ။ _Alien_Alexis_