Part-3 (Uni)

442 41 6
                                    

ထူးဆန်းတယ်။ ဒီနေ့တစ်နေ့လုံး Marimoထူး‌ဆန်းနေတယ်။ အဲ့ဒါထက် ခဏပြီးခဏလည်း ပြုံးနေတာ။ အဲ့ဒီ့ကောင် ပြုံးလိုက်တိုင်း ဘာကြောင့်မှန်းမသိ ကဆုန်ပေါက်လာတက်သည့် သူ့ဘယ်ဘက်ရင်ဘက်က အကောင်‌။ သူလည်း ဒီလိုတွေ ဘာကြောင့်ဖြစ်နေတာလည်းဆိုတာ တကယ်နားမလည်နိုင်တော့ဘူး။ Marimo ဘယ်လိုအပြုံးပဲ ပြုံးလိုက် ပြုံးလိုက် သူ ရင်ခုန်နေတက်တာကို သတိထားမိတာ သိပ်တော့မကြာသေးဘူး။ အဲ့ဒါအပြင် တစ်ခြားလူတွေပါ သတိမထားမိအောင် နေရသေးတယ်။

"အယ်...ဒီက မိန်းကလေး အဲ့ဒါ အမျိုးသား သန့်စင်ခန်းကြီးလေ.."

"ဟင်!..."

အတွေးများနေသည်မို့ သန့်စင်ခန်းက ဘယ်အခန်းလည်းဆိုတာတောင်မကြည့်လိုက်မိပေ။
အယ်...နေပါဦး။ ငါက ယောက်ျားလေးလေ..ယောက်ျားလေးက အမျိုးသားသန့်စင်ခန်း....

Sanjiသူ့အဝတ်အစားတွေကို ပြန်ကြည့်မိတော့သည်။ အာ......
Sanji ခေါင်းကို အသာကုတ်လို့ အရှက်ပြေရယ်ရင်း သူ့ကို သတိပေးတဲ့ မိန်းကလေးကို ကျေးဇူးတင်ဖို့ လှည့်လိုက်ကာ..

"အဟားဟား....ဟုတ်သားပဲ...မကြည့်လ်ိုက်မိဘူး...ကျေးဇူး...ဟင်! Rei...."

"Reiju-san!"

အမျိုးသားသန့်စင်ခန်းထဲ ဝင်ဖို့လုပ်နေတဲ့ သူ့ကို သတိပေးတဲ့ မိန်းကလေးက သူအရမ်းချစ်ရတဲ့ သူ့ရဲ့အစ်မ Reiju....
Reijuဆီကို တစ်လှမ်းချင်းလျှောက်လာနေတဲ့ မိန်းကလေးက သူနဲ့ လက်ထပ်ဖို့ထိ ဖြစ်ခဲ့ပြီးမှာ အကြောင်းကြောင်းကြောင့် ပျက်ခဲ့ရလို့ လက်မထပ်လိုက်ရတဲ့ Pudding-chan...

သူတို့က ဒီမှာဆိုတော့..ဟိုလူတွေရော ဒီမှာ ရောက်နေကြတာလား။

"Reiju-sanက ရုတ်တရက်ကြီး ဘယ်ရောက်သွားမှန်းမသိတာနဲ့ Puddingက လိုက်ရှာနေတာ.."

"ဟုတ်လား တို့က သန့်စင်ခန်းဘက် ခဏလာတာလေ..ဟိုမှာက တို့အတွက် နည်းနည်း စိတ်ကျဉ်းကြပ်လို့.."

Reijuက ခေါင်းလေးအသာစောင်းလို့ Puddingကို ပြန်ပြောသည်။ Puddingက သဘောပေါက်သည့်အနေဖြင့် ခေါင်းကို ခပ်ဖြည်းဖြည်းချင်းငြိမ့်ပြလို့ သူ့ဆီကို အကြည့်ရွှေ့လာကာ..

"ဒီတစ်ယောက်က..."

"အာ...သူလေးက အမျိုးသားသန့်စင်ခန်းထဲ ဝင်ဖို့လုပ်နေလို့ တို့က သတိပေးနေတာ‌.."

〘Love Is Mission〙(Completed)Where stories live. Discover now