Part-2 (Zawgyi)

200 9 5
                                    

Sanjiသည်လည်း Marimoနောက်သို့ လိုက်သွားကာ ကားထဲသို့ တိတ်တဆိတ်ပင် ဝင်ထိုင်လိုက်သည်။ အခုချိန်မှာ သူ Marimoနှင့် စကားပွောဖို့ အားမရှိသေးပေ။ Nami-sanနဲ့ Robin-chanကောင်းမှာကြောင့် သူဟာ ယောက်ျားစစ်စစ်ကနေ မိန်းကလေးတစ်ယောက်အသွင် ပြောင်းလဲသွားရသည်။ Nami-sanနဲ့Robin-chan
သူ့ကို ပြင်ပေးနေစဉ်အတွင်းတွင်လည်း စကားများခဲ့ရသေးသည်။ ဘာအကြောင်းနဲ့ဆိုလျှင်တော့ သူ့ခြေသလုံးမွှေးတွေနှင့်ဖြစ်သည်။ ယောက်ျားလေးတစ်ယောက်အတွက် ခြေသလုံးမွှေးကလည်း အရေးကြီးသည့်အရာထဲတွင် ပါသည်မလား။ အခုတော့.....

ထမင်းချက်က သူ့ခြေထောက်သူပြန်ကိုင်ရင်း ငိုမဲ့မဲ့လေး ဖြစ်နေသည်။ သူတို့နှစ်ယောက်က အမြဲရန်ဖြစ်ပြီး မတည့်ကျပေမယ့် ထမင်းချက်မျက်နှာမကောင်းရင်တော့ သူလည်း မနေတက်ပေ။ ထို့ကြောင့် ထမင်းချက်သောက်နေကျ စီးကရက်ဘူးကို ထုတ်ပေးလိုက်သည်။

"အများကြီးမသောက်နဲ့ .."

ထိုမျှသာ ပြောပြီး ကားစက်နှိုးကာ Missionရှိရာ ပွဲသို့ ဦးတည်လိုက်သည်။

ပေါင်ပေါ်သို့ရောက်လာသည့် Death စီးကရက်ဗူးလေးကို ကိုင်လို့ Marimoကို အံ့ဩနေသည့်အကြည့်ဖြင့်ကြည့်လိုက်ကာ

"Marimo......"

"သနားစရာကောင်းတဲ့ရုပ် လုပ်မနေနဲ့ မင်းနဲ့မလိုက်ဘူး.."

Marimoက အရှေ့ကို ကြည့်ရင်းသာ ပြောလာသည်မို့ အဲ့ဒီကောင်ဘာဖြစ်ချင်နေလဲဆိုတာ Sanjiလည်း မသိတော့ပေ။

Sanjiမသိတာ နောက်တစ်ခုရှိသေးသည်။ အဲ့ဒါကတော့ Zoroစိတ်ထဲတွင် တွေးလိုက်မိသည့်အရာပင်။

*ချစ်ဖို့ကောင်းတယ်..*

Zoroစိတ်ထဲထိုမျှသာ တွေးမိရင်း သူ့မူပိုင်အပြုံးအား ပြုံးလိုက်မိသည်။ ထို့နောက်တွင်တော့ သူတို့ကားလေးအတွင်း တိတ်ဆိတ်သွားတော့သည်။

>>>>>

10:12 PM..

သူတို့နှစ်ယောက် ထိုနေရာကို ရောက်သည်နှင့် ကားတံခါးကို ဖွင့်လို့ Zoroက အရင်ထွက်လာသည်။ ထို့နောက် တစ်ဖက်သို့သွားကာ ကားတံခါးဖွင့်လိုက်ချိန်မှာတော့ ထမင်းချက်ထွက်ဖို့ လုပ်သည့်အချိန်နှင့်တိုက်ဆိုင်သွားကာ ထမင်းချက်က သူ့ကို ပြူးကြောင်ကြောင်နှင့် ကြည့်လာသည်။ သို့သော်လည်း ဘာမှတော့မပြောပေ။

〘Love Is Mission〙(Completed)Where stories live. Discover now