" 1 WEEK " 3

267 29 0
                                    

The second day 7 : 30

" ဟွားး....အေးချမ်းလိုက်တာ မမရယ် "

အခန်းရှေ့ ဝန်းရံတာမှာထွက်ပြီးအညောင်းအညာပြေ  အကြောဆန့်နေတဲ့ lisa
မျက်လုံးတွေက ဘယ်ဘက်က အခန်းကိုမျှော်ကြည့်   ကြည့်နေရင်းနဲ့ပေါ့

" အွန်း  ဟုတ်တယ် ရော့ကော်ဖီလာသောက် "

" ဟုတ်ကဲ့ "

" ဟိုနှစ်ယောက်ကို သွားခေါ်လိုက်ပါဦး lisa "

" ဟုတ်..အမ် ဟိုမှာ ထွက်လာပါပြီ "

s " Good morning ပါ Jenနဲ့ ညမလေးlisaရေ "

" အွန်းးမောနင်း လာကော်ဖီဖျော်ထားတယ် ကိတ်မုန့်လဲရှိတယ် လာစားကြချေ "

j " ချစ်သူငယ်ချင်းjenလေးက အလိုက်သိလိုက်တာ အဲ့ဒါကြောင့် ချစ်စရာကောင်းတာ "

သူ့အမကိုပါးလေးစွဲပြီး ဖားနေတဲ့ ဂျောင်ယွန်းကို ကြည့်ပြီး lisa ကတော့နှခမ်းတွန့်ကာ  ရွဲ့စောင်းပလိုက်တယ်

အခန်း‌ရှေ့ ဝန်းရံတာက စားပွဲပေါ်  လေးယောက်သား ကိတ်မုန့်စား ကော်ဖီတွေသောက်ပြီးစကားတွေ ပြောနေရင်း ၊ lisaတစ်ယောက်ရုတ်တရက် ပြုံးမိသွားတယ် ၊ဘာကြောင့်ဖြစ်မလဲ ?

ရေး.....ထွက်လာပြီ  မနေ့ကအမျိုးသမီးလေး ကြည်လင်နေတဲ့မျက်နှာလေးနဲ့ မနေ့ကဝတ်တဲ့ပန်းနုရောင်ဂေါင်ဝန်လေးပေါ် ‌အနွေးထည် အဖြူရောင်အပါးလေး ထက်ဝတ်လာပြီး လက်ထဲက အသင့်ဖျော် ကော်ဖီဘူးလေးနဲ့အတူတူ

lisa ပြုံးနေပါပြီလေ ၊ အပြုံးကနားရွက်ချိတ်တော့မလိုတောင်ဖြစ်နေတော့ ဘေးကလူတွေက တောင်သတိထားမိသွားတယ်

s " အဲ့ကောင်မလေး ကချစ်စရာလေးနော် Lisa "

ပြုံးနေတဲ့မျက်နှာလေးဒီဘက်လှည့်ပြီး ချက်ချင်းတည်ငြိမ်သွားတယ်

" ဘယ် ဘယ်သူလဲ "

" အော် Lisa ကဟို အခန်းရှေ့က မိန်းကလေးကို ကြည့်နေတယ်ထင်လို့ "

" မဟုတ်ပါဘူး "
( ခတ်မြန်မြန် ပြန်ပြောလိုက်တယ်)

" အေး အေးပါဟယ် အမက ညမလေးကြည့်နေတယ်ထင်လို့ပါ "

" lisa "

" ဟုတ် "

"  စိတ်ဝင်စားရင် လိုက်နော် မမအားပေးတယ်"

" 1 WEEK "Where stories live. Discover now