" 1 WEEK " 7

306 29 11
                                    

သူမတို့ခွဲရဖို့အလွန်နီးလာပြီဖြစ်တဲ့ ဂန်းမွန်ရဲ့၆ရက်မြောက်နေ့မှာတော့ မနက်ခင်းဟာ အရင်လိုသာယာမနေပဲ မိုးဖွားဖွားလေးတွေကျနေတယ် မိုးတွေကလဲမှောင်မိုက်နေတာပေါ့

" Good morning "

" အာ... လန့်လိုက်တာချယ်ရယ် "

" ချယ့်မျက်နှာကအဲ့လောက်တောင်ကြောက်စရာကောင်းတာလား "

" မဟုတ်ပါဘူးဗျာ ချစ်စရာကောင်းလွန်းလို့လက်လန်နေပြီ အချစ်ကလေးရဲ့ "

" အပိုတွေ "

ချယ်ကlisaအခန်းထဲရောက်နေတာပါ jenတို့ကလဲရှိပုံမပေါ်တာနဲ့ချယ်တစ်ယောက်အိပ်နေတုံးဖြစ်တဲ့lisaနားမှာသွားထိုင်ကာအနိုးကိုစောင့်နေတာလေ

" မမဘယ်သွားတာပါလိမ့် မိုးကျနေတာကို ညကလဲမိုးတွေသည်းထားတာ "

" ခုနက သူငယ်ချင်းသုံးယောက်လုံးထီးကိုယ်စီစောင်းပြီးထွက်သွားတာပဲ "

" အော် အဲ့ဆိုဒီနားမှာဘယ်သူမှမရှိဘူးပေါ့ "

" omm ဟုတ်တယ် "

lisaကသူ့မျက်လုံးတွေကိုလက်ဖြင့်ပွတ်လိုက်တယ် lisaလက်က‌အမွှေးနံ့တစ်ခုရလိုက်တယ် သူလဲလက်ကိုကြည့်လိုက်ရော နှခမ်းနီ‌အနည်းငယ်ပေနေတယ် lisaချက်ချင်းပဲဆိုသလိုသဘောပေါက်သွားတယ် ( ချယ်ခိုးနမ်းထားတယ်ဆိုပါတော့လေ🤭 )

" မျက်နှာသွားသစ် မိုးမကျတော့ရင် ဈေးတန်းမှာလမ်းလျှောက်ရအောင် "

" ချယ့်သဘောပါဗျာ "

" အဲ့တာဆိုချယ် အခန်းမှာစောင့်နေမယ် "

lisaကဘာမှပြန်မပြောပဲချယ့်ကိုကြည့်နေတယ် ချယ်ကလဲထလိုက်ရော lisaချယ့်ရဲ့လက်တစ်ဖက်ကိုဆွဲလိုက်ကာ သူ့ရဲ့ဘယ်ဘက်လက်လေးပေါ်ချယ်ရဲ့ခေါင်းလေးနေရာယူပြီးသားဖြစ်သွားတယ်

ကုတင်တစ်ခုထဲမှာနှစ်ယောက်သားအကြည့်ဆုံနေကြတယ်

" မောင့်အမတို့ပြန်လာလိမ့်မယ်နော် "

" လာပါစေပေါ့ "

lisaကပြောပြောပြီးချင်းချယ့်ရဲ့အပေါ်ကနေ‌လက်နှစ်ဖက်လုံးကုတင်ကိုထောက်ထားကာ ချယ့်ကိုထပ်ပြီးစိုက်ကြည့်နေပြန်တယ်

" 1 WEEK "Where stories live. Discover now