"အရှင်မင်းကြီး.....အရှင်မင်းကြီး..!!!!"
"ဘာတွေများအရေးကြီးရပြန်တာလဲ ကိုယ်ရံတော် Nam Joon "
ရွှေရောင်များစွာတစ်ဖိတ်ဖိတ်တောက်ပနေသောနန်းဆောင်အတွင်း၊ ထည်ဝါလှသော တည်ဆောက်မှု များနှင့်ရွှေရောင်တောက်ပနေကြသူများစွာ တစ်ခုခုကိုတိုင်ပင်ဆွေးနေနေကြသည်။ ထိုနေရာက ကောင်းကင်ဘုံ။
"အရှင်မင်းကြီး......လျှောက်တင်စရာအရေးကြီးရှိပါတယ်..."
"အမြဲတမ်းအရေးကြီးနေပါလား Nam Joon
ကဲ အမြန်လျှောက်တင်စေ......"ဒူးတစ်ဖက်ကိုထောက်လျက် တစ်ဖက်ကိုထောင်ပြီး လက်ဖမိုးနှစ်ခုကို ပူးကပ်ကာ ခေါင်းငုံ၍လျှောက်တင်နေပါသော ကောင်းကင်ဘုံရဲ့ ကိုယ်ရံတော် ခေါင်းဆောင်
Nam Joonသည် သိပ်ခန့်ညားပါသည်။"အရှင်မင်းကြီး.......ငရဲဘုံမှာ ပြသနာ တက်ပါပြီအရှင်...... "
"ဘယ်လို။ဒါကဘာအရေးလဲ Nam Joon ။
ကောင်ကင်ဘုံနှင့်သက်ဆိုင်နေသလား"" မင်းသားငယ်လေး.....မင်းသားငယ်လေးက
ငရဲဘုံမှာ ဆန္ဒပြနေကြောင်းပါအရှင်။""ဘာ!!!!!!"
ကောင်းကင်မင်းကြီး၏အသံမှာ နန်းတော်အတွင်း ဟိန်းထွက်သွားသည်။
ကိုယ်ရံတော် Nam Joon ခင်များ ဆက်လက်ပဲလျှောက်တင်ရမလိုလို ထပဲ ပြေးရတော့မလိုလို တန့်တန့်ကြီး"ဆက်လျှောက်တင်စမ်း!!!"
" မင်းသာငယ်က .....သူ့ကိုငရဲဘုံက
မမွေးစားရင် ငရဲဘုံကမပြန်ပါဘူးဆိုပြီး ဆန္ဒပြ ဂျစ်တိုက် အော်ဟစ်ငိုယိုနေကြောင်းပါ အရှင် ""ဘယ်လို....ဘယ်လို....သားငယ်က ဘယ်လို...ငရဲဘုံကိုမွေးစားခိုင်နေတယ် ဘာကြောင့်များလဲ..."
"မင်းသားငယ်လေး က သူ့ကိုကောင်းကင်ဘုံက မက်မွန်သီးတစ်လုံးတောင် သဒ္ဒါတရားမရှိသဖြင့် သူ့မှာ အစားအသောက် မဝလျှင်လိုပါတဲ့အရှင်"
"အမလေး......အမလေး........ ငါ့ခေါင်း"
ကောင်ကင်းဘုံတစ်ခွင်လုံးကိုအုပ်စိုးသောကောင်းကင်ဘုံမင်းကြိီး မျက်ရိုးကို လက်ဖြင့်ဖိကား အကြီးအကျယ်ကိုသွေးတက်ရပါတော့သည်။
YOU ARE READING
" Cute Little Devil "
Romanceသေးသေးလေးနဲ့ဆိုးသွမ်းလိုက်တာ ၊ ဆိုးတာလေးကချစ်စရာလေး၊ဒါပေမဲ့ချစ်စရာလေးကသေးသေးလေး၊သေးသေးလေးကဆိုးဆိုးလေး ဆိုးဆိုးလေးကအဆိပ်ပြင်းပါသည်။