Ep.3

608 78 17
                                    

Jimin ဘယ်ကိုအရင်သွားရမလဲ အတော်ကိုစဉ်းစားရခက်ပါတယ် ငရဲဘုံရဲ့ ဥယျာဉ်တော်ကိုအရင်သွားရမလား Jeon မယ်တော်ဆီအရင်သွားရမလား။သူဘယ်ကိုအရင်သွားရမှာလဲ

"ဟုတ်ပြီ!!! Jeonမယ်တော်ဆီကိုအရင်သွားရမယ် "

ပန်းနုရောင်၀တ်ရုံအရှည်လေးကိုမကပြေးလွှားပြီးသွားနေတဲ့ဖြစ်တည်မှုလေးက နတ်သားလေးဆိုတဲ့အတိုင်းမှာနတ်သားလေးပါပဲ ပြေးသွားလိုက်၊ရပ်လိုက်၊ခုန်လိုက်နဲ့ ယုန်ဖြူဖြူလေးတစ်ကောင်ဆော့နေသလိုလေးကတကယ်ကိုအချစ်ခံလေးဖြစ်နေတာငြင်းစရာမရှိတော့ပါဘူး။

Jeonမယ်တော်ရဲ့နန်းဆောင်ရှေ့သို့ရောက်လာသောနတ်သားငယ်

"အရှင်မင်းသားလေးဘာများလိုအပ်လို့ပါလဲ"

သူဟာကောင်းကင်ဘုံကနေ ငရဲဘုံကိုဘယ်လောက်ထိခဏခဏလာလဲဆိုရင်ငရဲဘုံမှာသူ့ကိုမသိတဲ့သူမရှိလောက်အောင်ပင်အခုလည်းသူ့ကိုမြင်တာနဲ့ဘာလိုအပ်သလဲတန်းမေးနေတဲ့ ရံချွေတော်တွေကအဆင်သင့်ပါပဲလေ။

ခါးကိုင်းကာအရိုသေပေးရင်းခေါင်းငုတ်ထားကြတဲ့ရံချွေတော်တွေကို Jiminတစ်ချက်သေချာလေးကြည့်လိုက်ပါသည်။ပြီးမှသူသိချင်တာကိုမေးရမယ်လေ

"ကိုယ်တော်က Jeonမယ်တော်နဲ့တွေ့ချင်လို့ပါ။Jeonမယ်တော်နန်းဆောင်ထဲမှာရှိတယ်ဆိုရင်ကိုယ်တော်တွေ့ချင်လို့ခွင့်တောင်းပေးပါ"

ဒါဟာထုံးစမ်ပါပဲ အကြီးအကဲရာထူးရာခံရှိသူတွေကိုတွေ့ချင်ရင်၀င်ခွင့်တောင်းပြီး သူတို့၀င်ခွင့်ပြုမှ၀င်ရတယ်ဆိုတာ Jiminကနတ်သားမို့လို့ဒီလိုစည်းကမ်းတွေကိုဖောက်ဖျက်မယ်ဆိုတာမရှိ Jiminကသူ့နေရာနဲ့သူစည်းစနစ်တကျဆိုးပါသည်။

နတ်သားလေးရဲ့လျှောက်တင်မှုအပြီးရံခြွေတော်တွေဟာတစ်ယောက်များနှာတစ်ယောက်ခေါင်းငုတ်ရပ်သားကြည့်ရင်း မျက်လုံးဖြင့်စကားပြောနေကြပါသည်။ခဏအကြာမှ သူတို့တစ်ခုခုသေချာလျှောက်တင်ရန်စစ်တိုက်ထွက်မဲ့တပ်သားတွေလိုသတိအနေအထားနဲ့ လျှောက်တင်ကြပါတော့သည်။

"အရှင်မင်းသား Jeonမယ်တော်က တော်၀င်ဥယျာဉ်ထဲမှာအနားယူနေပါတယ်ဒါပေမဲ့မင်းသားလေးအခုချိန်သွားတွေ့.....တွေ့"

You've reached the end of published parts.

⏰ Last updated: Jun 11 ⏰

Add this story to your Library to get notified about new parts!

 " Cute Little Devil "Where stories live. Discover now