Zawgyi
"ကိုယ်မင်းကိုယ်ချစ်တယ် Joesph"
"ဒီအခေါက်နဲ့ဆို ဒီလထဲခင်ဗျားပြောတာ 5 ခေါက်ရှိပြီနော် Adam"
"မှားပြန်ပြီလား။ စုစုပေါင်း 6 ခေါက်ပါကွာ မင်းကလည်း"
"လွန်ခဲ့တဲ့ 3 လမှာပြောခဲ့တာက 21 ခေါက် အခုလနဲ့ဆိုစုစုပေါင်း 27 ခေါက်"
"Right. တော်တယ် Calroline ။ မင်းကမှ Joe ထက်ကိုယ့်ကိုယ် ပိုဂရုစိုက်သေးရဲ့ "
" 27 ခေါက်!!
Ohh. GOD, Adam ခင်ဗျားအမေကိုတောင် ကျွန်တော့်ကိုပြောတာရဲ့ တစ်ဝက်လောက် ခင်ဗျားပြောဖူးရဲ့လား"ကျွန်တော် ပုခုံးတွန့်ပြရုံမှ လွဲပြီးဘာမှထပ်မပြောဖြစ်....
ဖြစ်နိုင်ရင် Joe ကို ကျွန်တော်သိပ်ချစ်တဲ့အကြောင်း
တစ်အနောက်မှာ သုညမရေမတွက်နိုင်လောက်တဲ့
အထိကိုပြောပြချင်တာ။
ဒီစကားကို Joe သာကြားရင်သူ့အကျင့်အတိုင်း ခပ်ထေ့ထေ့ရယ်ဦးမှာ သေချာပါရဲ့။
တကယ်တော့ ကျွန်တော်နဲ့ Joe ကမတော်တဆတွေ့ဆုံခဲ့ကြတာ
တကယ့်ကိုမှ မတော်တဆပဲ။ Calroline ကြောင့်သာမဟုတ်ရင် ကျွန်တော့်ရဲ့စာမျက်နှာတွေထဲ Joe ဆိုတဲ့ ဂြိုလ်ဆိုးလေးပါလာခဲ့မှာမဟုတ်ဘူး။ကျွန်တော်က Cal ရဲ့ မေဂျာတူစီနီယာ။ ဒါပေမဲ့ Cal နဲ့ကျွန်တော် ရွယ်တူအပေါင်းအသင်းတွေထက်ကို ပိုပေါင်းခဲ့မိကြတာ။
Cal က ခေတ်နောက်ကျတဲ့မိန်းကလေးမဟုတ်ပေမဲ့ ခေတ်လွန်နေတဲ့သူလည်းမဟုတ်ဘူး။ တစ်ရက် Cal က သူ့ကို အတင်းလိုက်ကပ်နေတဲ့ ရည်းစားဟောင်းကောင်လေးကို
ခွာထုတ်ချင်တာနဲ့ ကျွန်တော့်ကို အကူအညီတောင်းခဲ့တယ်။
Cal လို မိန်းကလေးက အတည်တွဲရင်တောင် နစ်နာစရာမရှိတာမို့
ကျွန်တော် ဟန်ဆောင်ကူညီဖို့ နှစ်ခေါက်မစဉ်းစားခဲ့မိဘူး။
တကယ်လို့သာ Cal ကိုမကူညီမိခဲ့ရင် ကျွန်တော် Joe ရဲ့အဆိပ်မသင့်ခဲ့လောက်ဘူးထင်တယ်။Joesph က Calroline ရဲ့ အချစ်ဆုံးအိမ်နီးချင်းသူငယ်ချင်း။
Cal က Joe ထက် တစ်နှစ်ကြီးတယ်။ ဆိုတော့ကား Joe ကကျွန်တော့်ထက် 3 နှစ်တောင်ငယ်တာပေါ့။ အစက ကျွန်တော် Joe ကို ဒီနှစ်အထက်တန်းအောင်ပြီး ကောလိပ်စတတ်တဲ့ ပထမဆုံးနေ့မှ ဖွင့်ပြောဖို့စဉ်းစားထားခဲ့တာ။ မထင်မှတ်ပဲ ဒီကြားထဲ Joe ကိုကျွန်တော်ဖွင့်ပြောမိသွားတယ်။ အဓိကအကြောင်းရင်းကတော့ Calroline ကြောင့်ပဲ။
ဒီကောင်မလေးက လူကဲခတ်တအားတော်တယ်။ သူသိချင်တဲ့အကြောင်းဆို ဘယ်ကနေစမေးရင်
သူလိုချင်တဲ့အဖြေပြန်ရမယ်ဆိုတာ သူကောင်းကောင်းသိတယ်။
ဒါကြောင့် ကျွန်တော် Joe ကိုကြိုက်နေတာ သူကပဲအရင်ရိပ်မိခဲ့တာ။ အဲ့လိုနဲ့ပဲ Joe ကို ကျွန်တော်ပိုင်ဆိုင်ရရေးမှာ သူကပဲအဓိကအနေနဲ့ တွန်းအားပေးခဲ့တာ။ကျွန်တော်ကလွဲပြီး Joe ကို တခြားဘယ်အမျိုးသားနဲ့မှ စိတ်မချပါဘူးဆိုပြီး Joe ရဲ့ ခေါင်းကိုင်မိခင်ကြီးတောင်လုပ်ခဲ့သေးတယ်။