Unicode
Hello~~ Everyone
Maple Sann ပါ။
Maple ခု One Short လေးနဲ့ပတ်သက်ပြီးပြောချင်တာလေးနည်းနည်းရှိလို့
Creator's Pov ဆိုပြီးဖြစ်သွားတာပါ။Coup အစလောက်တုန်းက ဒီ The Slash ကို CDmers တွေအတွက်ဆိုပြီး Fund ရှာတုန်းက ဘယ် soical platform တွေပေါ်မှာမှ မတင်ဘူးသေးတဲ့ Story တွေစုပြီး pdf file လုပ်တဲ့ထဲတစ်ခါပါဖူးပါတယ်။ ဒါကြောင့်အဲ့ PDF ကိုဖတ်ဖူးရင် ဒါကိုမျက်မှန်းတန်းမိမှာပါ။ ခု ၂နှစ်ကျော် ၃နှစ်နီးပါးလောက်ကြာပြီးတော့ ဒါလေးကို တင်ထားချင်စိတ်ပေါ်လာလို့ အမှတ်တရချန်ထားတာပါ။
စာပြန်ရေးဖို့အတွက် moti ပြန်ယူတာလည်းပါပါတယ်။ပြီးတော့ ဒီ One short က Maple ရဲ့ Very very first work ပါ။ ဆယ်တန်းအောင်ခါစ covid ကြောင့် stay at home ကာလတွေမှာရေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၃နှစ်နီးပါးကရေးခဲ့တာကြောင့် အခုချိန်ပြန်ဖတ်တော့ လိုအပ်ချက်တွေပြင်စရာတွေ အားမရတာတွေအများကြီး ထွက်လာပါတယ်။ ဒါပေမယ့် ပထမဆုံးဆိုတာလေးကို တန်ဖိုးထားမိတာကော နောင်ဘယ်အချိန်ပြန်ဖတ်ဖတ် ငါရဲ့ပထမဆုံးကဒါလေးဆိုတဲ့ အရသာကိုပြန်ရချင်ကြောင့် စာလုံးပေါင်းမှားတာကလွဲ ဘာမှမပြင်ထားပါဘူး။ ဒါကြောင့်
The Slash က 17 နှစ်ကျော် Teenager
တစ်ယောက်ရဲ့ အတွေးတွေကိုစုထားသလို ပေါ့ပေါ့လေးပဲဖြစ်နေမှာပါ။နောက်တစ်ခုကတော့ ကျေးဇူးတင်ချင်တာပါ။
Maple က နာမည်ပေးလုံးဝမတော်ပါဘူး။
မြန်မာ OC ဘက်ကိုစမ်းကြည့်ခဲ့ပါသေးတယ်။
ML နဲ့ MC နာမည်ကို အောင်ခန့်နဲ့ကောင်းကင်
ဆိုပြီးထွက်လာလို့ ရပ်ထားရတာပါ TwT
The Slash ကိုလည်း ရေးပြီးတစ်လကျော်ကြာတဲ့အထိ
Title လုံးဝမပေးရသေးပါဘူး။ အဲ့အချိန်မှာ အစ်မတစ်ယောက်လိုလေးစားရတဲ့ ချစ်ရတဲ့ Author တစ်ယောက်ကိုပေးဖတ်ခဲ့ပါတယ်။ထင်မထားအောင်သေချာအချိန်ပေးဖတ်ပြီး လိုအပ်တဲ့နေရာထောက်ပြ အဆင်ပြေတယ်ဆိုပြီး
ချီးကျူးပေးခဲ့တာကြောင့် ဒီ One short ကိုချပြနိုင်တဲ့ထိသတ္တိရှိခဲ့တာပါ။
ပြီးတော့ နာမည်မပေးရသေးမှန်းသိတာနဲ့ ''ဦးကတော့ အောက်ဆုံးစာသားကိုသဘောကျတယ် The Slash ဆိုပြီးပေးမလား'' ဆိုပြီးပြောခဲ့တာကြောင့် ခုလို Title လှလှလေးရလာခဲ့တာပါပဲ။မဟုတ်ရင်ခုချိန် One Short ဆိုပြီးခေါင်းစဥ်နဲ့ပဲယူတို့ရှေ့ကိုရောက်လာမှာပါ။ ဒါကြောင့် ဒီနေရာကနေပဲ ချစ်ရတဲ့အစ်မ redinpeace ကိုကျေးဇူးထပ်တင်ပါရစေ။
ဦးရေ ဦးကြောင့်ညီမရဲ့ ကလေးတွေကိုပထမဆုံးလူကြားထဲချပြရဲခဲ့တာပါ။