Zawgyi
"ရေနွေးကြမ်း သုံးဆောင်ပါ"
ဣသက ရေနွေးကြမ်းချပေးပြီးသည်နှင့် ခုံတစ်ခုံ၌ဝင်ထိုင်သည်။
"ဝဗ္ဗေသဟာ မြို့ငယ်ကလေးရယ်ပါ
စားတော်ဆက်တစ်ဦးကြားရုံနဲ့ တစ်မြို့လုံးပျံ့နှံ့သွားနိုင်တာမို့ အမတ်မင်း စိတ်မရှိဖို့မျှော်လင့်ပါတယ်"ဣသက သောမနကိုဦးတည်ပြောပြီးသည်နှင့် ကိုယ်တိုင်လည်း ရေနွေးကြမ်းတစ်ခွက်ကိုငှဲ့သောက်လိုက်၏။
"သင်တို့မှာ ဘယ်အကြံအစည်ရှိသလဲ
ခွန်းလုံဆိုသူနဲ့ သင်ဟာ အဘယ်ပုံပတ်သတ်နေသလဲ
အနောက်ဘက်မြစ်မှာ လဲလှယ်မယ့် ပစ္စည်းများအကြောင်း သင်ဘယ်လိုသိသလဲ"ဣသက မျက်နှာပေါ်အနည်းငယ်ကျနေသော ဆံစများကိုသပ်တင်လိုက်ကာ
"သင့်မေးခွန်းများဟာ များပါဘိသနဲ့ ကျွန်ုပ် တစ်ဦးတည်းဖြေမပေးနိုင်ပါဘူး
ခွန်းလုံ...."အနောက်ဘက် တံခါးဝကဝင်လာသော ခွန်းလုံမှာ သောမနတို့ကိုမြင်သည်နှင့် မှုန်ကုပ်ကုပ်ဖြစ်သွားလေသည်။
ထို့နောက် ဣသဘေး၌ဝင်ထိုင်ကာ မောသွားသယောင် ဣသကိုမသိမသာမှီရင်း
"ကျုပ်အိမ်ကို သင့်အိမ်ပြောင်းလာလိုက်တော့မယ် ရှင်မရယ်..
လမ်းခရီးဟာ ဝေးလွန်လွန်းလို့ အမောင်မောလှချည်ရဲ့""ခွန်းလုံ! လူအများအရှေ့မှာ ဆင်ခြင်စမ်း"
ထိုအခါ ခွန်းလုံက သောမနတို့ကိုတစ်ချက်ဝေ့ကြည့်ပြီး မသိချင်ယောင်ဆောင်ကာ ပိုမှီလိုက်၏။
"ဘယ်အကြောင်းကို အရင်သိချင်သလဲ
ကျုပ်က ရှင်မအမိန့်တော်အရ ကူညီပေးရုံပဲ၊ ကျုပ်ဆန္ဒအရဆို နန်းတွင်းအရေးတွေ ပါဝင်ပတ်သတ်မနေချင်ဘူး""ခွန်းလုံ! သင်နောက်တစ်ခွန်းဟရင် ဒီနေ့အတွက်သေရည်ကို ကျွန်ုပ်လာပို့မပေးတော့ဘူး"
YOU ARE READING
Once Upon a Time....
Historical FictionTotally not System. Only Myanmar ancient time version. To read Introduction , Press "Read". If there're any sames with someone, They're only my ideas and I didn't copy to anyone. So enjoy my story and plz be patient about my bad writing. Book cover...