Part 33👑

89 1 0
                                    

Zawgyi

တောအုပ်​ကြီးတစ်​ခုလုံး တိတ်​ဆိတ်​မှုတို့ ​ပျောက်​ရှ​နေ၏။

"ဝုန်း!"

အသံကျယ်​ကြီးတစ်​ခုသည်​ တစ်​​တောလုံးကိုပျံ့နှံ့သွားကာ အနီးရှိသစ်​ပင်​ကြီးမှာလည်း လဲကျသွား​လေသည်​။

ဦးတည်​ရာလွဲ​ချော်​လျက်​တိုးထွက်​လာ​သော ဓားရှည်​တစ်​​ချောင်းမှာ သစ်​ပင်​​လေးငါးပင်​အား ပိုင်းဖြတ်​သွားပြီး ကျွန်းပင်​ကြီးတစ်​ပင်​၌ သွားစိုက်​၏။

ကြမ်းရမ်း​နေသည့်​ အ​ခြေအ​နေ​ကြောင့်​ အပင်​​ပေါ်ရှိ ငှက်​များပင်​မ​နေနိုင်​​တော့​ချေ။

ကျွန်းပင်​ကြီးရှိ ဓားသွားမှာ တုန်​လှုပ်​လာလျက်​ ပြန်​လည်​ထွက်​ခွာသွားကာ လက်​သည်းရှည်တို့နှင့်​ လက်​တစ်​ဖက်​ထဲဆိုက်​​ရောက်​၏။

"စိတ်​ကုန်​စရာ..."

အစိမ်းရင့်​​ရောင်​ဝတ်​ရုံမှာ​ဝေ့ဝဲသွားကာ အနီ​ရောင်​ပုံရိပ်​ဆီ ချဉ်းကပ်​သွား​တော့သည်​။

အရှိန်​တစ်​ခုနှင့်​လာ​သော ဓားသွားမှာ အခြားဓားသွားတစ်​ခုနှင့်​ ရိုက်​ခတ်​သွားကာ အလင်းတန်းတစ်​ခုဖြစ်​​ပေါ်လာ၏။

အရှိန်​ပြင်း​သောအား​ကြောင့်​ ကမ္ဘာ​မြေကြီးပင်​တုန်​လှုပ်​သွားသ​ယောင်​။

မျက်​နှာချင်းဆိုင်​​နေ​သော ဓားသွားနှစ်​ခုထက်​ ချွန်​မြ​နေသည်​မှာ အစိမ်းရင့်​​ရောင်​နှင့်​ အနီ​ရောင်​​တောက်​​တောက်​မျက်​လုံးနှစ်​စုံ။

"ဘာ​​ကြောင့်​လဲ၊ သူတို့ကမင်းအ​ပေါ် ဘာအပြစ်​​ကြွေးရှိလို့လဲ"

ရယ်​မြူးရိပ်​တို့နှင့်​ အစိမ်းရင့်​​ရောင်​မျက်​လုံးစွန်းများ​မှာ တွန့်​​ကွေးလျက်

"ဒီလူသား​တွေက ဘာများလုပ်​နိုင်​မှာလဲ
ဒါ​ပေမယ့်​......."

ချက်​ချင်းတည်​ကြည်​သွားသည့်​ မျက်​ဝန်းတို့မှာ မီးပင်​ထ​တောက်​​တော့မ​ယောင်​။

"Cronus က​တော့ တစ်​သက်​လုံးခွင့်​မလွှတ်​နိုင်​တဲ့ အပြစ်​​ကြွေးရှိတယ်​!!"

Once Upon a Time....Wo Geschichten leben. Entdecke jetzt