အပိုင်း(၂)

144 10 0
                                    

    မျက်နှာလေး နီရဲလာသည်အထိ အံတင်းတင်းကြိတ်ကာ မာန်တင်းထားသည့် သူမကို အန်တီမြက ခပ်တိုးတိုး သတိပေးသည်။
      "မေ တူမလေး၊ငိုမှာဖြင့် ငိုချလိုက်ပါ ကလေးရယ် အရမ်းတင်းခံမထားပါနဲ့ကွယ်"
       "ကျွန်မ ဘယ်တော့မှ မငိုဘူး အန်တီမြ၊ဝေ ခုလိုရုတ်တရက်ကြီး ဆုံးပါးသွားတာ ကျွန်မအတွက် အိမ်မက်တစ်ခုလိုပါပဲ။ဝေအတွက် ကျွန်မ တနင့်နင့်ခံစားနေချင်တယ်၊ဒါမှ‌ ဝေအတွက်"
        သူမဆက်မပြောနိုင်တော့ပါ။ဝေအတွက် ခံစားရလွန်းတာကြောင့် သူမနှလုံးသားတွေ နာကျင်ဆို့နင့်နေရပါပြီ။
         မေနဲ့ဝေဆိုတာ အထက်အောက် ညီမအရင်းတွေပါ။မိဘနှစ်ပါးက မွေးတာဆိုလို့ သူတို့ညီမနှစ်ယောက်ထဲရှိတာ။ဒါကြောင့်လည်း ညီအစ်မနှစ်ယောက်က သူငယ်ချင်းလိုရော ညီမလိုပါ ဆက်ဆံတတ်ကြသည်။
          ဒါပေမဲ့ အသွင်စရိုက်ကျတော့ မတူချင်ပါ။ပုံစံကလည်းခြားနားပါ၏။သူမက ကျန်းမာရေးလိုက်စားတာမို့ ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နှင့် သွက်လက်သည်။
ဘယ်အရာကိုမဆို လက်တွေ့ဆန်ဆန် ဖြေရှင်းတတ်သည်။ဝေကျတော့ မွေးကတည်းက ဖြူဖြူဖွေးဖွေးနှင့် အလှအပ ကြိုက်သူဖြစ်သည်။ကျန်းမာရေးလိုက်စားရတာကိုလည်း ဝါသနာမပါ။သို့သော် ဝေ၏ ခန္ဓာကိုယ်လေးက အချိုးအစားကျကာ ပြေပြစ်လှပသည်။ဝတ္ထုဖတ်၊သီချင်းတွေနားထောင်နှင့် ဝေက နေရာတကာ ပျော့ပျော့နွဲ့နွဲ့ဖြင့် စိတ်ကူးယဉ်ဆန်သူဖြစ်သည်။သူမတို့နှစ်ယောက် အသွင်စရိုက် ဘယ်လောက်ပင် ခြားနားပါစေ တစ်ယောက်ကိုတစ်ယောက် အလွန်ချစ်သည်။
ကံဆိုးလှစွာပင် ဝေ ဆယ်တန်းနှစ်မှာပင် သူတို့၏ မိဘများမှာကားမှောက်ကာ ဆုံးပါးသွားကြသည်။ညီအစ်မနှစ်ယောက်အတွက် အားကိုးစရာ ဆွေမျိုးရယ်လို့ မရှိတာကြောင့် အထီးကျန်အားငယ်ရသည်။သူမတို့၏ မိဘများမှာ တစ်ဦးတည်းသော သားသမီးတွေမို့ ဆွေမျိုးနည်းပါးတာလည်းဖြစ်သည်။
            ထိုအချိန်တွင် သူမက တက္ကသိုလ်တတ်နေပြီဖြစ်သောကြောင့် ဆွေမျိုးနီးစပ်တော်သော အန်တီမြကို အိမ်မှာခေါ်ထားလိုက်ရသည်။ကျန်ရစ်ခဲ့သော ညီအမနှစ်ယောက်မှာ သူမက အကြီးမို့ ဝေ၏တာဝန်အားလုံးသည် သူမထံသာ တာဝန်ရှိနေ၏။
             ထိုကြောင် ကျောင်းပြီးချိန်မှာတော့
ဖခင်ဘက်မှ တော်စပ်သော ဦးလေးဝမ်းကွဲရှိရာ နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်၏။ဝေ ကျောင်းပြီးလျှင်လည်း သူမရှိရာ ခေါ်ထားမည်ဟု ဆုံးဖြတ်ထားသည်။သူမ ရှာဖွေသမျှသည် ဝေအတွက်သာဖြစ်သည်။ယခုတော့ ဝေက မရှိတောပြီ။
               ရေခြား၊မြေခြားသွားကာ အလုပ်လုပ်ခဲ့ရသော သူမအတွက် အဓိပ္ပာယ်မဲ့လေပြီ။သူမ ဘာလုပ်ရတော့မလဲ။ဝေအတွက် ရည်းစူးကာ ဝယ်ထားသော ပစ္စည်းတွေပင် သူမနှင့်အတူတစ်ပါတည်း ပါလာခဲ့ပေမယ့် ဝမ်းသာစွာ လက်ခံမည့်သူက မရှိတော့။
                သူမသည် ဝေအုတ်ဂူလေးပေါ်သို့
အသင့်ယူလာသော အဖြူရောင်ပန်းခြင်းလေးကို လှမ်းတင်လိုက်၏။ထိုအချိန်တွင် ဝေ့ခနဲတိုက်ခတ်လာသော လေပြေတစ်ချက်နဲ့အတူ မိုးစက်မှုန်တွေ ပါလာသည်။
                  "မိုးတွေ သဲသဲမဲမဲရွာတော့မယ်၊ပြန်ကြစိုကလေးရယ်"
                   အန်တီမြက သူမ၏ပခုံးကို ဆုတ်ကိုင်ရင်း ကြင်နာစွာပြောလာသည်။
သူမ မျက်တောင်တစ်ချက် ခတ်လိုက်ပြီးပင့်သက်တစ်ချက်ချလိုက်ရင်း ခက်တိုးတိုးလေသံဖြင့်
                "မေ သွားတော့မယ် ဝေရယ်"
                သူမတို့ အုတ်ဂူလေးကို ကျောခိုင်းထွက်လာချိန်မှာတော့ စောနကတည်းက အငြိုးဖြင့် ရွာဟန်ပြင်နေသော မိုးက သဲသဲမဲမဲ ရွာချလိုက်တော့၏။အလုအယက် ပြိုဆင်းကျလာသော မိုးစက်မှုန်များအောက်မှာတော့ ပန်းခြင်းကလေး တင်ထားသည့် အဖြူရောက်အုတ်ဂူလေးက အထီးကျန်ငြိမ်သက်စွာ ကျန်ရှိတော့သည်။
                အဖြူရောင် ဇာခန်းဆီးတို့ လွင့်မျောနေသော ဝေ၏အခန်းလေးထဲမှာ သူမတစ်ယောက်တည်း တ်တ်ဆိတ်စွာ ထိုင်နေမိတာ အတော်ကြာပြီဖြစ်သည်။ဝေအခန်းလေးသည် ဝေမရှိတော့တာကလွဲလို့ ဝေ နေသွားခဲ့သည့်အတိုင်းပင်။စာကြည့်စားပွဲပေါ်မှာ လွတ်လပ်စွာ ရေမောနေသော ဝေ၏ဓာတ်ပုံကိုကြည့်ကာ သူမရင်မှာ တစစ်စစ် နာကျင်လာရသည်။
               သိပ်ကိုလှပတဲ့ ဝေပါ။ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်လှပတဲ့ မိန်းကလေးတစ်ယောက်က တကယ်ဆို သည်လောကကြီးထဲက အစောကြီးထွက်ခွာမသွားသင့်ပါဘူးကွယ်။ဝေဆုံးတာ နှလုံးရောဂါကြောင့်တဲ့။သူမတို့မိဘနှစ်ပါး ဆုံးကာစမှာ နှလုံးရောဂါ စရလာပုံဖြစ်သည်။ဒါကြောင့် သူမက ဝေကိုအတတ်နိုင်ဆုံး စိတ်ချမ်းသာအောင် အလိုလိုက် အကြိုက်ဆောင်ခဲ့သည်။ဝေ ဆယ်တန်းအောင်၍ တက္ကသိုလ်တတ်ချိန်မှာတော့။ ဝေက ရွှင်ရွှင်လန်းလန်းဖြစ်လာခဲ့သည်။ဝေ၏ကျန်းမာရေး စိတ်ချရကာမှ နိုင်ငံခြားသို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။
                   ယခုလို ဝေ ရုတ်တရက်ကြီး သေဆုံးသွားရအောင် မသေခင်က ဘာများစိတ်ထိခိုက်စရာနှင့် ကြုံသွားပါလိမ့်။သူမသည် စိတ်ကူးထဲမှာ တွေးရင်း ဝေ၏ အခန်းလေးတစ်ဝိုက်ကို ဝေ့ဝဲကာကြည့်မိသည်။ဝေသည် အလှအပကြိုက်သော မိန်းကလေးပီသစွာ သူမအခန်းလေးအား လှပစွာ ပြင်ဆင်ထားသည်။ဝေသာရှိလျှင် သူမတို့ညီအစ်မနှစ်ယောက် တွေ့ဆုံကာ ဘယ်လောက်ပြောကြမလဲ။
          ဝေရယ်။
            သူမရင်ထဲမှာ လွမ်းဆွတ်ကြေကွဲစွာဖြင့် ဝေကို တမ်းတမိသည်။မငိုပါဘူးဟု စိတ်ဆုံးဖြတ်ထားပေမဲ့ မျက်ရည်တွေကကျလာရပြန်သည်။
             ချက်ချင်းပင် သူမစိတ်က်ု ပြန်တင်းလိုက်၏။ဝေ့အတွက် သူမ ငိုမည့်အစား ဝေ ရုတ်တရက် သေဆုံးသွားရဝာာ ဘာကြောင့်လဲဟု သိချင်လာမိ၏။သူမလိုက်ရှာမိတာကတော့
          တမ်းလန်းလေးထားခဲ့မယ်နော်😁
   ပထမဆုံးစရေးထားမို့အဆင်မပြေတာလေးတွေရှိရင်သည်းခံပြီးဖတ်ပေးကြပါရှင့်
သာသာကြိုးစားပြီရေးထားပါတယ်နော်

အနားမှာ နေပါကွယ် Where stories live. Discover now