အပိုင်း(၄)

94 4 0
                                    

ဘာဖြစ်လို့လဲဆိုတော့ ဝေ့ကို မမက ချစ်တယ်တဲ့။မမဆီက ချစ်တယ်ဆိုတဲ့စကားကြားရတာ ဝေ အရမ်းပျော်တာပဲကွယ်။
ဝေမှာ မမဆီက ချစ်စကားပြောလာပါစေလို့ အကြိမ်ကြိမ်ဆုတောင်းလိုက်ရတာ။အခုမှ ဝေ့ဆန္ဒတွေပြည့်ရတယ်။
မမကိုလေ ဝေသိပ်ချစ်တာဘဲသိလား။ဘယ်လောက်ထိအောင် ချစ်သွားတယ်ဆိုရင် မမပြောသမျှ ဝေက အားလုံးကိုခေါင်းညိတ်နေမိတော့တာပါပဲ။
မေ သိရင် မိန်းမတစ်ယောက်ကို သည်လောက်သိပ်ချစ်သွားရမလားဆိုပြီး ဆူချင်ဆူမှာ။ဒါကြောင့် မေ့ဆီထည့်ရေးတဲ့စာတွေမှာ ဒီအကြောင်းတွေ ထည့်မရေးတာပေါ့။
မနှင်းဆီမြိုင်က သိပ်ချောတော့ ဝေ စိတ်မချဘူး။သည်နေ့ကစပြီး သူ့ကို မမလို့ အမြတ်တနိုးခေါ်မယ်နော် မမ။
မမရယ် မမကို ဝေ စိတ်မချချင်ဘူး။ဝေ‌တစ်ယောက်လုံး ဘေးမှာရှိနေတာတောင် ယောင်္ကျားလေးတွေရော မိန်းကလေးတွေရောက မမကိုကပ်ချင်နေတုန်းပဲ။
ဝေ့မှာတော့‌လေ မမကိုစိတ်မချတာနဲ့ တစ်နေ့တစ်နေ့သောကရောက်လိုက်ရတာ အမောပဲ။(အဲ့တာ သာသာလေ😎😎)တခါတလေ မမကိုစိတ်မချတာနဲ့ မတွေးကောင်းတာတွေ တွေးမိတယ်။
             သည်လောက် ချော်လွန်းတဲ့ မမမျက်နှာကို ဘယ်သူမှ မကြိုက်ရအောင် ရုပ်ပျက်ဆင်းပျက် ဆိုးသွားရင် တယ်ကောင်းမှာပဲလို့။(သာသာကတော့ကိုယ့်ကောင်မလေးကိုအဲ့လို့မတွေးရက်ဖူးကွယ်)
            မမနဲ့ပတ်သက်ပြီး ဝေ ရူးသွားပြီလားမသိဘူး။မေကတော့ ချစ်သူမရှိတဲ့သူဆိုတော့ ဝေ့ရင်ထဲက ခံစားချက်တွေကို ဘယ်သိပါ့မလဲ။
             နောက်ဆုံးတော့ မမနဲ့ဝေ အမြန်ဆုံးအတူနေဖို့ ကြိုးစားမယ်ပေါ့လို့စိတ်ကူးတယ်။မမနဲ့သာအတူနေရရင် သိပ်ပျော်စရာကောင်မှာသိလား မေ။
               မေရေ....အရင်တုန်းက မေ့နောက်မလိုက်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို အခုတော့ပြင်လိုက်ပြီ။ကျောင်းမပြီးသေးပေမဲ့ မေ့နောက်ကို ဝေ လိုက်လာခဲ့တော့မယ်။
              ဝေက အပြောင်းအလဲမြန်တတ်တဲ့မိန်းကလေးမဟုတ်ပါဘူး မေရယ်။
              မမကိုလေ ဝေက စိတ်မချလို့ အတူတူနေဖို့ပြောတာ မမက လက်မခံဘူး။
ဝေက လကိထပ်ဖို့ပြောတာကို မမက ရက်ရက်စက်စက်လက်မထပ်နိုင်ဘူးတဲ့။
            ဝေ ရှက်လိုက်တာ။ဝေ့ဘဝတစ်သက်မှာ အရှက်ရဆုံး၊ဝမ်းနည်းရဆုံး၊အနာကြည်းရဆုံးနေ့ပါပဲ။
             ဒါပေမဲ့ ဝေ့ရဲ့နှလုံးသားတွေက အံဩစရာကောင်းလောက်အောင်ပဲ မမအပေါ်မှာ မမုန်းနိုင်ဘဲ ချစ်နေတယ်။
             ကြာကြာနေရင် ဝေ အခက်တွေ့လိမ့်မယ်။မမနဲ့ပတ်သတ်ပြီး အိပ်ရေးပျက်တဲ့ညတွေ များလှပါပြီ။
              အချိန်ပြည့် မမကို သတိရနေတာ ဝေ့အတွက်ကံဆိုးတာပါပဲ။တခါတလေတော့ ထင်မိတယ်။ဝေဟာ မမကိုဝဋ်ကြွေးတွေကို ဆပ်ဖို့လူလာဖြစ်ရတယ်လို့။
              ရင်ဘက်ကလည်း အရမ်းအောင့်တာပဲ။ဆရာဝန်ကစိတ်ချမ်းသာအောင်နေလို့ ပြောပေမဲ့ မမနဲ့ပတ်သက်ရင် ဝေဘယ်လိုလုပ် စိတ်ချမ်းသာပါ့မလဲနော်။
              မေ့ကိုလည်း ဒီအကြောင်းတွေအသိမပေးချင်းဘူး။မေ စိတ်ဆင်းရဲမှာစိုးတယ်။မေ ပြန်လာရင်တော့....
             ဒိုင်ယာရီလေးက ဒီမှာတင်အဆုံးသတ်သွားခဲ့သည်။မေသည် နာကျင်လွန်းသဖြင့် ဝေရဲ့ဓာတ်ပုံလေးကို စူးစိုက်ကြည့်နေမိသည်။
             "ဖြစ်မှဖြစ်လေ ဝေရယ်"
          မိန်းမတစ်ယောက် အတွက်နဲ့လောကကြီးကို အရှုံးပေးထွက်ခွာသွားခဲ့သော ဝေ။
~~~~~~~
သာသာ စာမေးပွဲကြောင့် edit လေးကြာသွားပါတယ်နော်။နောက်ဆို2ရက်ကို1ပိုင်း edit ပေးပါ့မယ်နော်
      

အနားမှာ နေပါကွယ် Where stories live. Discover now