Ep6

1.2K 57 2
                                    

Unicode

📱   ဟုတ်ဖေဖေလည်း နေကောင်းပါတယ် ဟိုလေ အန်ကယ် ကျတော် နောက်တစ်ပတ်လောက် ရန်ကုန်လာဖစ်မယ် ထင်တယ် အာ့ လှမ်းပြောတာ...📱

"အေး...."

"အမယ်.... ကိုလင်းနော် ရန်ကုန်လာတာ ကိုယ့်ဘာသာလာပါလား ဘာလို့ ဒယ်ဒီ့ကို လာချွဲနာလည်း...."

ဦးကောင်းမြတ်စကားမပီးခင် နှုတ်ခမ်းတထော်ထော်ဖြင့် ဖြတ်ပြောနေတဲ့ လဝန်းပေ။

📱အယ်.... လဝန်းလည်း ရှိနာလား📱

"ဟားဟား ဟုတယ် သားရေ သားညမပေါ့ သူလိုချင်တဲ့ခွေး မရလာလိုတဲ့ဟေ့ အန်ကယ့်ကိုလာရစ်နာ"

📱အော် ဟားဟား လဝန်းရာ နင်ကလည်းကလေးကျနေရော.... နောက်တစ်ပတ် ကိုကို့ကိုလေဆိပ်လာကြိုမလား လက်ဆောင် ပေးစရာရှိတယ်....📱

"အဟက် ဆုတောင်းလေ လဝန်းကလာကြိုစရာလား... ကိုလင်းဘာသာလာပေါ့..."

📱ဟားဟား​ အေးနော် လာမကြိုနဲ့ပေါ့ ပြီးမှ နောင်တမရနဲ့ လက်ဆောင်က အကြီးကြီးဘဲ 📱

"ရားးးး ကိုလင်း စိတ်ပုပ်....""

ဖုန်းထဲမှ ရီသံ တစ်ချက်သာထွက်လာသည် ဘာကြောင့်လည်းဆို လဝန်းဘလောက် ဒေါကန်နေမလဲ ဆိုတာ လင်းဘုန်းအောင် သိနေလို့ပေ။ ဘာလို့ဆို အဲ့ကလေးငယ်ငယ် ကတည်း စိတ်ကြည်တဲ့အချိန်မှာသာ ကိုကို ဟုခေါ်တတ်ပြီး စိတ်ဆိုးပြီ စိတ်တိုပီဆို ကိုလင်း ကိုလင်းနဲ့ နှုတ်ခမ်းတထော်ထော်ဖြင့် စွာတတ်သောကြောင့်ဖစ်သည်။

"တော်ပြီ..... လာကြိုမယ် လာကြိုမယ် ဟွန့် လန်းကိုဘဲ အနိုင့်ကျင့်သိလား လက်ဆောင် မျက်နှာကြောင့်နော် မဟုတ်လို့ကတော့ လေဆိပ်မှာ တင် အိပ်ခိုင်းတယ် ....ဒါဘဲ သွားနားတော့မယ်....."

📱ဟောဗျာ.... 📱

ဦးကောင်းမြတ်တစ်ယောက်ကတော့တူဖစ်သူနဲ့ သမီးဖစ်သူကို ကြည့်ပီး ရီနေရုံမှ ဘာမျမတတ်နိုင် အလကား မချစ်ကြတာခည်းမဟုတ် ပီးရင်တည့်နေလိုက်တာများသူတိ့ုမဟုတ်တဲ့အတိုင်း သူတို့ကြားထဲ ဝင်ပါမိတဲ့လူကတော့ အရူးကြိးလိုဘဲကျန်ခဲ့ရော အဲ့​ေတာ့ဝင်မပါမိတာ အကောင်းဆုံးပင်။ ခုလည်ကြည့်ပြောချင်ရာပြောဖုန်းအတင်းထိုးပေးပီး အခန်းထဲကထွက်သွားလိုက်တာများ ဖအေကိုလှည့်တောင် မကြည့်။

ရွှေမင်းသမီးလေးရဲ့ကိုယ်ရံတော် Where stories live. Discover now