မောင်.....

21 4 1
                                    

(Zawgyi)

"ငါဒီနေ့ ကုန်တိုက်မှာ မြတ်ဘုန်းသျှင်း ကောင်မလေးတစ်ယောက်နဲ့ရှိနေတာကို ထပ်တွေ့ခဲ့တယ်။"

တိတ်ဆိတ်နေတဲ့အခန်းကို စကားသံတစ်ချို့ကဖြိုခွဲလိုက်တယ်။

"သူပျော်နေလား။"

ဇွဲဇာနည်းက လွမ်းကိုငေးကြည့်လိုက်တယ်။ လွမ်းပြောတဲ့ "သူ" ဆိုတာကဘယ်သူမှန်းသူမေးစရာမလိုဘဲသိနေခဲ့တယ်။

" အင်း "

ဇွဲဇာနည်း ခေါင်းငြိမ့်လိုက်တယ်။ပြီးတော့ ခက်ခက်ခဲခဲနဲ့အမှန်တရားတချို့ကိုပြောပြလိုက်တယ်

"သူအရမ်းပျော်နေခဲ့တယ်။"

ပတ်ဝန်းကျင်ကနောက်တစ်ကြိမ်တိတ်ဆိတ်သွားပြန်တယ်။ လေထုထဲမှာ လွမ်းမောဖွယ်ကောင်းစရာတွေပါနေပြီး သူကိုနေရခက်လာစေတယ်။ သူက ပြတင်းပေါက်ကိုမျက်နှာမူပြီးအတွေးနွံတဲ့နစ်မြုပ်နေတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ပြီး မေးခွန်းထုတ်လိုက်မိတယ်။

"အကယ်၍ သူမင်းကိုကွာရှင်းဖို့တောင်းဆိုခဲ့ရင် မင်းအရင်ကပြောခဲ့သလို လွယ်လွယ်နဲ့ကွာရှင်းလိုက်မှာလား။"

ဇွဲဇာနည်း ဒီအဖြေကိုသိချင်းနေတယ်။ဒီမေးခွန်းရဲ့အဖြေကို အရင်တုန်းကလွမ်းကိုမေးဖူးတယ်။ လွမ်း မတုံ့ဆိုင်ဘဲဖြေခဲ့တာက

"အင်း... ငါကသူဆီကနေချစ်ခြင်းမေတ္တာတွေရပြီးပြီဘဲ ။ သူငါဆီမှာလွယ်လပ်ခွင့်လာတောင်းရင် ငါကျေကျေနပ်နပ်ကြီးခွင့်ပြုမှာပါ။ "

လို့ သူဖြေခဲ့တယ်။

ဒါပေမယ့် အခုတူညီတဲ့မေးခွန်းဖြစ်ပေမယ့် တူညီတဲ့အဖြေကိုကြားရှိဖို့အတွက် အချိန်အချို့ကိုစောင့်ဆိုင်းနေရခဲ့တယ်။သို့သော် အချိန်အချို့စောင့်ဆိုင်းရပေမယ့် အရင်ကလိုတူညီတဲ့အဖြေကိုမရခဲ့ဘူး။

သူဖြေလိုက်တာက

"ငါမသိဘူး" တဲ့။

သူအဖြစ်က ပုံပြင်တွေထဲကလိုဘဲ။ ဆင်းရဲသားလေးတစ်ယောက် ဆင်းဆင်းရဲရဲနဲ့လုပ်ကိုင်စားသောက်နေရတယ်။ တစ်နေ့မှာတော့ နတ်ပြည်ကနတ်သမီးလေးက ဆင်းရဲသားလေးလို ရိုးသားစွာလုပ်ကိုင်စားသောက်ပေမယ့် တစ်ရက်ကို ထမင်းတစ်နပ်စားဖို့ခက်ခဲနေရတာကိုမြင်ပြီး သနားဂရုဏာသက်ကာ မှော်ဝင်သေတ္တာလေးကိုပေးသနားပြီး 

မောင်.....(Completed)Where stories live. Discover now