P_2

281 40 1
                                    

"ဟျောင်း"
"ဟန်!"
ကြည့်ရတာကျွန်တော်ခေါ်လို့အံ့သြသွားသည့်ပုံပင်။

"ကျွန်တော့်ထက်ကြီးမယ့်ပုံပေါ်လို့ ဟီး ခေါ်လို့ရတယ်မလား"
"အင်း ရတယ် ဒါနဲ့ဘာလို့ခေါ်တာ"
ဒီအတောအတွင်းဟျောင်းနဲ့ကျွန်တော်ဆက်ဆံရေးဟာ အတော်လေးတိုးတက်လာတယ်ဟုပြောလို့ရသည်။

"ဟိုတစ်ခေါက်ကစာအုပ်လေ ဖတ်ပြီးပြီလားလို့ "
ကြည့်ရတာဖတ်မပြီးသေးသည့်ပုံပင် ထို့အပြင်တစ်ခုခုအားရှုပ်ထွေးနေသည့်ပုံရသည်။
"ဟျောင်းမေးစရာရှိတယ်မလား ပြောလေ ကျွန်တော်က သေချာတော့မသင်ဖူးပေမယ့် ‌လေ့လာဖူးတယ်"
ဒီကောင်လေးကျွန်တော့်ကိုရိပ်မိသွားတဲ့ပုံပင်။

"တစ်ခုခုကိုမှော်ပညာနဲ့ထိန်းချုပ်နိုင်မယ်ထင်လား.."
"ရမယ်ထင်တယ် စမ်းကြည့်ခြင်လားဟျောင်း"
"ဘာကိုထိန်းချုပ်ခြင်လဲသာပြောကြည့်"
ဟက်..ဒီကောင်လေးတကယ် တဖြည်းဖြည်းချစ်ဖို့ကောင်းလာတာ ဒါကြောင့်လဲ မင်းအပေါ်မလုပ်ရက်နိုင်တာ။

"စွမ်းအားလိုမျိုးရော ထိန်းချုပ်လို့ရလား"
"စွမ်းအား!!"
"မဟုတ်မှ ဟျောင်းစွမ်းအားလား "
တကယ်ညဏ်ပြေးတာပဲ ။

"ကူညီခြင်လား "
"ကူညီလိုက်ပြီဆိုတာနဲ့ ငါနဲ့အမြဲပက်သတ်နေတော့မှာ မင်းစဉ်းစားပါ"
ဟျောင်းပြောတဲ့အမြဲပက်သက်နေတော့မှာဆိုတာဘာလဲ ။သူ့အတွက်အရမ်းအရေးကြီးတဲ့ဟာပဲနေမှာ မင်ဆွန်းကလည်းကြောက်ပြီးပါမှမပါတော့တာ အဖော်ရတာပေါ့။
" ကူညီမယ် ဟျောင်း"

................

"ယူဂျင်းနားး"
" မင်ဆွန်းနား"
" သုံးနှစ်လောက်ကွဲကွာသွားတဲ့သူတွေများလား ဖတ်လိုက်ကြပါအုန်း"
ပြန်ရလိုက်တာကတော့မင်ဆွန်း၏အကြည့်တစ်ချက်၊ဒီအသေးလေးကတကယ်စလို့ကောင်းတာပါဆို။

"ငါတို့လေးယောက်ကဘာလို့ဒီမှာအတူစုံရတာလဲ"
ဟုတ်တော့လည်းဟုတ်ပါသည် မျက်နှာခြင်းဆိုင်အခန်းမှာနေတာတောင်လေးယောက်လုံးမျက်နှာချင်းမစုံ ။

"‌ယူဂျင်း မင်းဘာဆေးကျွေးထားတာလဲ သူကိုဒီတောင်ခေါ်လာနိုင်တာ‌တော်ရုံမဟုတ်ဖူး"
တကယ်တော့ စွမ်းအားထိန်းချုပ်ဖို့ကိစ္စပြောအပြီး အပြန်အလှန်အနေနဲ့ မုန့်လိုက်ကျွေးဟု ‌ဒီတိုင်းပြောလိုက်မိတာပင် ဘယ်သူကခေါ်လာမယ်ထင်မှာ။

You've reached the end of published parts.

⏰ Last updated: Mar 22, 2023 ⏰

Add this story to your Library to get notified about new parts!

MAGIC ***Where stories live. Discover now