P _1

615 46 0
                                    

"ခွမ်း!!!! "

ကြမ်းပြင်ပေါ်၌ ကြေမွသွားသောဖန်ကွဲစများ ၊လူအရပ်အမြင့်‌ကျော်ရှိသည့် မှန်ကြီးအား ဖန်အိုးဖြင့်ပစ်ခွဲလိုက်ခြင်း။

"တောက်!! ထွက်သွားစမ်းအခု"

အမည်းရောင်လွှမ်းခြုံထားသော အခန်းအတွင်း အိမ်ရာပေါ်၌ ထိုင်လျှက်ရှိနေသော‌လူတစ်ယောက်၊ မျက်သားထောင့်များ နီရဲနေ၍ အံကြိတ်ပြောလိုက်သံသည် တစ်ခန်းလုံးအားလွှမ်းမိုးနေ၏။

"သခင်လေး သခင်မကြီးကခေါ်ခိုင်းလိုက်လို့ပါ "
အစေခံကောင်လေး၌ကျလာသော မျက်ရည်များ အသစ်ရောက်သည်ဖြစ်၍ ဤအိမ်တော်၏စည်းကမ်းများအားမသိခြင်းကြောင့်ဖြစ်သည်။

"တောက် !! နောက် ငါ့အခန်းထဲ ဘယ်တော့မှဝင်မလာနဲ့ "
..................

" ရစ်ခီ ဧရီယယ် ဆယ်ရီရယ်တိုင်းပြည်ရဲ့ အခန်းနားဆုံးတော်ဝင်အိမ်တော်တစ်ခုထဲက သခင်လေး၊ ရုပ်လဲ‌ချောသလို ဒေါသလည်းကြီးတယ် ၊စကားတွေအရ ထူးခြားတဲ့စွမ်းအားရှိတယ်လို့လည်းကြားတယ် သူနဲ့ပေါင်းဖို့ဆိုတာလုံးဝမဖြစ်နိုင်ဖူး သူငယ်ချင်း..."

ကျောင်းစအပ်သည့်နေ့တွင် တွေ့လိုက်ရသောလူ‌တစ်ယောက်အကြောင်းစုံဆန်းနေခြင်းပင်။

"ငါလဲ သခင်လေးပဲကို မပေါင်းနိုင်ဖူးဆိုတာကြီးကတော့....."

ယူဂျင်းမကြေမနပ်ပြောလိုက်မိသည် နူတ်ခမ်းစူသွားတာတော့မတက်နိုင် ဒါ မွေးရာပါချစ်ဖို့ကောင်းမှု၊ ထားပါ ကျွန်တော်လည်း သခင်လေးပဲ သူက ဘာတွေများကြီးကျယ်နေလို့။

ဟန်ယူဂျင်း ကျော့ရှင်းမှုတို့ ယိုဖိတ်နေသော ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်၊အသစ်အဆန်းများအား ဝါသနာပါပြီး စံအိမ်တော်၌ ရှိသမျှလူအားလုံး၏အချစ်ခံ ၊မှော်ပညာအားစိတ်ဝင်စားသူ ဒါ့ကြောင့်လည်း သခင်ကြီးတို့၏အဆူခံရသည်မှာမနည်း။

"ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့မှော်ပညာကို ဖေကြီးလက်ထပ်မှစွန့်လွှတ်လိုက်တာတဲ့ စိတ်ဝင်စားလို့ကျွန်တော်ကတော့ တော်ဝင်စာကြည့်တိုက်ရဲ့လှို့ဝှက်ခန်းထဲခိုးဝင်နေကြ "
ပန်းနုရောင်လက်သည်းခွံ နှင့် ရှည်မြောနေသောလက်ချောင်းတို့က ဒိုင်ယာရီစာရွက်အပေါ်မှာ သပ်ရပ်စွာနေရာယူထားသည်။

MAGIC ***Where stories live. Discover now