" ခင်ဗျား ပစ္စည်းတွေထည့်စရာရှိတာ ထည့်တော့
ကျုပ်တို့ နေမဝင်ခင်ပြန်ကြမယ် "ရိန်းလည်း သိမ်းစရာရှိတဲ့အရာတွေ သိမ်းပြီ ပစ္စည်းတွေကို ကျောပိုးအိတ်ထဲ သေချာထညိ့လိုက်ပြီး လွယ်လိုက်သည်။
" ပြီးပြီဆို သွားမယ် "
ရိန်းတို့ ခြံကနေ စထွက်တော့ကို နာရီက ၂ . ၁၅မိနစ်ဖြစ်နေပြီး ။ နေဥသ္သရက လာနေကြလမ်းအတိုင်းမလာပဲ တခြားဘက်ကို ကွေ့သွားတာကြောင့်
" မင်း ဘယ်သွားနေတာလဲ "
" ဒီဘက်လမ်းက ပိုမြန်လို့.. ခင်ဗျားကလဲ ကျုပ်က မသိရင် ခင်ဗျားကို ရောင်းစာမလိုလိုနဲ့ လူကို မယုံဘူး "" မင်းရုပ်က ယုံချင်စရာကောင်းတော့ ငါက ယုံရတာပေါ့ "
" ဟ!! ခင်ဗျားက တဂဲ့လူ "
" ခင်ဗျားလို ပုံစံမျိုးကိုရောင်းစာမယ့်အစား ပိုပြီးကိတိတယ် ကောင်မလေးတွေပဲရောင်းစာမှပေါ့ "
" မင်း!!! "
" ဘာလဲ... ခင်ဗျား ပြောလို့ ကျုပ်က ပြောတာ "
" တော်ပြီ မင်းနဲ့မပြောဘူး "
" မပြောနေပေါ့! အမောပြေတာပေါ့ မဟုတ်ဘူးလာ "
၁၅မိနစ်လောက် မောင်းပြီတော့ လမ်းကွေ့လေးတစ်ခုထဲကို ကွေ့လိုက်ပြီ လမ်းဘေးတစ်နေရာမှ ဆိုင်ကယ်ရပ်လိုက်သည်။
" ခင်ဗျား ကျုပ်အနောက်လိုက်ခဲ့ "
" မင်းက ဘယ်သွားမှလဲ "
" စကားကို များတယ် " ပြောပြီး ရိန်းရဲ့ လက်ကို ဆွဲပြီး လမ်းကြားလေးတစ်ခုကို ခေါ်သွားသည်။
" မင်းက ငါကို ဘယ်ခေါ်သွားမလို့လဲ "
" ခင်ဗျား သဘောကျလောက်မယ့်နေရာ "
" ဟမ်း!!
၂မိနစ်လောက်လမ်းလျှောက်ပြီးတော့ လူသွားလမ်းတစ်လမ်းစာလောက်ရှိတယ်လမ်းလေးရဲ့ ဘေးဖက်တစ်ချက်စီမှ နေကြာရိုင်းပင်တွေကို စိုက်ထားတာကြောင့် ရိန်းတအံတသြကြည့်နေမိသည်။
" ခင်ဗျား သဘောကျလာ "
" အင်း အရမ်းသဘောကျတယ် "
YOU ARE READING
ပြိုင်မျဥ်း၏တစ်ဖက်တစ်ချက်စီသို့(ongoing)
Romanceကြမ်းတမ်းသော စကားလုံးတွေပါတာကြောင့် Fic သဘောအရ ဖတ်ပေးပါဗျာ ။ အမှားများပါရင် ခွင့်လွှတ်ကြပါဗျာ။