ဂျဲန်းနီကင်မ်❤️❤️

1.7K 145 4
                                    

Unicode

"စိတ်ထောင်းလို့ ကိုယ်ကျေတယ်ဆိုတဲ့စကားပုံ
ကြားဖူးတယ် မဟုတ်လား လီဆာ...မင်းရဲ့ အတွေးစိတ်ကို ဂရုစိုက်ပါ"

"စိတ်ရဲ့စွမ်အားဟာ အင်မတန်ကြီးတာမို့ မင်းစိတ်ရဲ့အတွေးတွေကို မကောင်းတဲ့အရာတွေ တွေးဖို့အတွက် လွှတ်မထားမိလိုက်စေနဲ့"

"လူတစ်ယောက်ဟာ စိတ်အေးချမ်းနေရင်
ဘဝဟာလည်း အေးချမ်းနေမှာပဲ လီဆာ
တွယ်တာစရာ များများစားစား မရှိတဲ့အခါ
တစ်နေ့တစ်ခြား မင်းဘဝလေးအေးချမ်းလာမှာ"

ဆရာကြီးဖြစ်သူရဲ့စကားတွေကို ကြားယောင်ရင်းကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကြီးကို
မှန်ပြောင်းတစ်လက်နဲ့ ဘယ်တစ်ပြန် ညာတစ်ပြန်
စူးစမ်းကြည့်ရင်း ခပ်ဆဆသာ ပြုံးနေမိတယ်။

မှန်ပါတယ်...စိတ်အေးချမ်းတဲ့အခါ ကိုယ်ကျန်းမာတယ်ဆိုတဲ့စကားဟာ သိပ်မှန်ပါတယ်။စိတ်ကိုလက်ရှိအချိန်မှာ ထားလိုက်တာဟာ အင်မတန်မှ အေးချမ်းတည်ငြိမ်တဲ့ အနေအထားပဲဖြစ်လိမ့်မယ်။

အတိတ်က အမှားတွေ အပြစ်တွေ ဖြစ်ရပ်ဆိုးတွေကိုလည်း ပြန်တွေးပြီး မခံစားတော့ဘူး...အနာဂတ်ကိုလည်း တွေးပြီး ပူပန်မနေဘူးဆိုရင် အေးချမ်းခြင်းအပြင် ဘာကများ စိတ်ထဲမှာ နေရာဝင်ယူနိုင်မတဲ့လဲ။

သို့ပေမဲ့ လောလောဆယ်တော့ လီဆာ့စိတ်တွေ
တွေဝေနေမိတယ်။အခုလီဆာသွားနေတဲ့
နေရာသစ်မှာ လီဆာပျော်နိုင်ပါ့မလား။စိတ်တွေပေါ့ပါးနေနိုင်ပါ့မလား ဆိုတဲ့အတွေးတွေဟာ
ဖျောက်ဖျက်မရအောင် ပေါ်ပေါ်လာနေဆဲမို့
ခေါင်းပေါ်က ဦးထုပ်ကို ချွတ်လိုက်ရင်း ဆံနွယ်
တွေကို ခပ်မြင့်မြင့်စည်းနှောင်လိုက်တယ်။

ဂုတ်နားတစ်ဝိုက်ကို အေးမြလန်းဆန်းသွားအောင်တိုက်ခတ်ပေးတဲ့ ပင်လယ်လေတွေကိုပဲ ကျေးဇူးတင်စကားဆိုရတော့မလို...

"ကျွန်မတို့ဘယ်နေ့လောက် ကုန်းမြေပေါ်ရောက်နိုင်မလဲ ကပ္ပတိန် ဂျွန်"

ခပ်ရဲရဲ အသားအရောင်ကို ပိုင်ဆိုင်ထားတဲ့
အမျိုးသားတစ်ယောက်ဟာ ပဲ့ကိုကျွမ်းကျင်စွာ
ထိန်းကိုင်ရင်း...

One Shot❤️Where stories live. Discover now