Unicode
"ဒီနေ့တစ်နေ့တာလည်း နင့်ကိုလွမ်းရင်းအဆုံးသတ်ရတာပါပဲလား...နင်ဆိုတဲ့ မိန်းမဟာလေ ငါ့ကိုအင်မတန် လွှမ်းမိုးနိုင်တာပဲ သိရဲ့လား"
စတိုခန်းလို အခန်းကျဉ်းလေးဝယ် ရှေ့တည့်တည့်က မိန်းကလေးတစ်ယောက်ရဲ့ ပန်းချီကားကို ကြည့်လို့ လီဆာ ခပ်ဆဆပြုံးကာပြောမိသည်။
ဒီတစ်လောကလုံးမှာ လီဆာ့ကိုစိတ်လိုလက်ရပြုံးစေနိုင်တာ ဒီမိန်းကလေးအပြင် နှစ်ယောက်မရှိ
ချေဘူးလေ။တစ်ဒေါက်ဒေါက်နဲ့မြည်နေတဲ့ အဆက်မပြတ် တံခါးခေါက်သံကြောင့် အတော်အတန် အိပ်
မောကျနေရာက ထရင်း တံခါးဖွင့်လိုက်တော့...အိပ်မက်ဆိုးတွေမက်ပြန်ပြီထင်ပါရဲ့။"ဂျိန်း" ဒါကြောင့်မို့ထင်ပါတယ် ထူးထူးခြားခြား
ဆောင်းတွင်းကြီးမှာ မိုးတွေရွာနေခဲ့တာ။ ညကြီးမင်းကြီး တစ်ကိုယ်လုံးစိုရွဲနေတဲ့ မိန်းကလေးအတွက်ဆိုရင်လေ လီဆာက လိုသုံးဆိုတဲ့ စကားလုံးနဲ့ အလိုက်ဖက်ဆုံးဖြစ်လိမ့်မယ်။ဂျိန်းအတွက် အရေးမပါလှတဲ့ ဖြစ်တည်မှုတစ်ခုအဖြစ်တည်ရှိနေတဲ့ ကိုယ့်ကိုယ့်ကိုယ်သာမုန်းတီးနေခဲ့တာ အကြိမ်ကြိမ်...ဂျိန်းကိုဆိုရင်တော့လေ...
"အထဲမဝင်ဘဲ ဘာကြောင်ကြည့်နေတာလဲ...ဘာလဲအအေးမိချင်လို့လား" သူ့ထက်သူ့အကြောင်းကိုသိနေတဲ့ လီဆာ့အဖို့ ဂျိန်းဟာ အအေးမိမှာသိပ်ကြောက်တတ်မှန်းလဲသိနေခဲ့တယ်လေ။
အိမ်ထဲကိုခြေတစ်လှမ်းပဲဝင်ရသေးတယ်။"လီဆာရား"ဆိုကာ ရင်ခွင်ထဲတိုးဝင်လာပြီးအော်ငိုတဲ့ဂျိန်း။ပြောမိပါတယ် လီဆာဆိုတဲ့ဖြစ်တည်မှုက ဂျိန်းဆိုတဲ့ မိန်းကလေးအတွက်တော့ ခဏတာမိုးခိုရာအရပ်ပါလေ။
"ဟိုလူနဲ့ရန်ဖြစ်လာပြန်ပြီမလား" ဂျိန်းကျောပြင်ကို ပွတ်သတ်ကာ အငိုတိတ်အောင် ချော့ပြီးတဲ့နောက် အကြောင်းသိစွာမေးလိုက်တဲ့အခါ ချစ်ဖို့ကောင်းအောင် ဂျိန်းကအကြိမ်ကြိမ်ခေါင်းညိမ့်ပြလေရဲ့။
ဖန်ဆင်းရှင်က မုန်းလို့မရအောင်ဖန်ဆင်းထားတဲ့
မိန်းကလေးကိုမှ ချစ်မိတဲ့ ဟော့ဒီက လီဆာကပဲ
ကံဆိုးလွန်းတယ်ထင်ပါရဲ့ကွယ်။
YOU ARE READING
One Shot❤️
Fanficစိတ်ကူးပေါက်သမျှ ဇာတ်လမ်းလေးတွေကို one shotအနေနဲ့ ဒီနေရာလေးမှာ ရေးသွားမယ်ဗျာ❤️❤️❤️❤️❤️ အကြောင်းအရာအားလုံးဟာ စိတ်ကူးယဉ်ဖန်တီးမှု သက်သက်သာ...မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်လိုစိတ်မရှိကြောင်းပါ ခဗျာ။