One shot

119 15 0
                                    

ခွပ်!!"

"​ကျေနပ်ပြီလား။"

"မ​ကျေနပ်​သေးဘူး။ မင်းကိုထိုးရုံတင်မဟုတ်ဘူး။ သတ်ပါသတ်ပစ်ချင်တာ!!"

"ဒါဆိုလဲ သတ်လိုက်​လေ!ဘာလို့မသတ်​သေးပဲအခုထိထား​နေ​သေးလဲ!!!"

"​​တောက်!! ​ခွေး​ကောင် ငါ့မျက်စိ​ရှေ့က​နေထွက်သွားလိုက်​တော့၊ မင်းအခန်းထဲက​နေအခန်းအပြင်ကိုလုံး၀မထွက်နဲ့။ကြားလား။"

"​...."

"ဟိတ်​ကောင်! ငါ​မေး​နေတယ် မင်းကြားလားလို့"

"ကျစ်! ဒီ​လောက်နီးနီး​လေး​ပြော​နေတာ ငါကမကြားရ​အောင် နားကန်း​နေတဲ့​ကောင်မဟုတ်ဘူး။"

"မင်း!! ​တောက်!!"

"မင်း​ပြောစရာမရှိ​တော့ဘူးမလား။ ငါသွားပြီ"
​သွေးလဲထိုလူ​​ရှေ့က​နေထွက်လာကာအ​ပေါ်တက်ပြီးအခန်းတံခါးပိတ်ထားလိုက်​တော့သည်။

ကိုယ့်နာမည် ရှိုင်းရာဇာ​သွေး ခုနကဟိုလူက​တော့ သက္ကရာဇ်မင်းမြတ်လို့​ခေါ်တယ်။ မိဘ​တွေနဲ
အပြင်သွားရင်းသူ့ကိုမြင်မြင်ချင်းချစ်မိသွားလို့ မိဘ​တွေကို​ပြောပြီးမရမကသူ့ကိုလက်ထပ်ခဲ့တယ်။
အဲ့အ​ကြောင်း​တွေသိသွား​တော့ သူ့ရဲ့အမုန်းတွေကိုခံယူရတယ်။
သူနဲ့ကိုယ်ရဲ့အိမ်​ထောင်​ရေး
အဆင်​ပြေမ​ပြေက​တော့မင်းတို့​တွေ့တဲ့အတိုင်းပဲ။
ရန်ဖြစ်ရတဲ့အ​ကြောင်းက​တော့ အဟက်!
မိန်းမတစ်​ယောက်​ကြောင့်​ပေါ့။သူလုပ်ရက်တယ်၊partyကိုတမင်တကာ​ခေါ်လာပြီး သူကိုယ့်အ​ပေါ်ကိုလုပ်ရက်တယ်။

At Party

"မင်းဒီနားမှာပဲ​နေ။ ဘယ်မှ​လျှောက်မသွားနဲ့။ကြားလား ရှိုင်းရာဇာ​သွေး"

"အင်း"

သက္ကရာဇ်ထွက်သွားပြီးခဏအကြာ

"​ဟော!ဟိုမှာ မင်းသမီးမြတ်နိုးယာ မဟုတ်လား။ ​ဘေးနားကဘယ်သူလဲဟ။"

"ဟာ အဲ့တာ MM groupရဲ့CEO သက္ကရာဇ်မင်းမြတ်မဟုတ်လား။

"​အေး ဟုတ်တယ်။ ဘာလဲ သူတို့နှစ်​ယောက်ကတွဲ​နေကြတာလား။partyကိုတူတူတက်တာဆို​တော့"

​သွေးလည်းသက္ကရာဇ်နာမည်ကြားလို့လှမ်းကြည့်
လိုက်​တော့မြင်လိုက်ရတဲ့မြင်ကွင်းက​သွေးအတွက်​တော့ရင်နာစရာ တစ်မိုး​အောက်က
သက္ကရာဇ်မင်းမြတ်က တခြားလူကိုကြည့်တဲ့အကြည့်ကအကြင်နာ​မျက်၀န်းတွေအပြင်အစားအစာ​တွေကို​တောင်
တယုတယထည့်​ပေး​နေတယ်တဲ့လား။ ​သွေးရဲ့​ခြေလှမ်း​တွေကသက္ကရာဇ်မင်းမြတ်တို့ရဲ့၀ိုင်းနား
မ​ရောက်ခင်ရပ်တန့်လိုက်ပြီး သက္ကရာဇ်မင်းမြတ်ကိုကြည့်​နေလိုက်သည်။
မင်းမြတ်လည်း​သွေးဘာလုပ်​နေမလဲဆိုပြီးလှမ်းကြည့်လိုက်ချိန် နှစ်​ယောက်သား အကြည့်ခြင်းဆုံသွား​လေသည်။
မင်းမြတ်အရင်အကြည့်လွဲ၍သူ့​ဘေးနားမှာရပ်​နေတဲ့လူကို​စကားလှမ်း​ပြောလိုက်သည်။ ခဏအကြာ

Hate💔Where stories live. Discover now