ခွပ်!!"
"ကျေနပ်ပြီလား။"
"မကျေနပ်သေးဘူး။ မင်းကိုထိုးရုံတင်မဟုတ်ဘူး။ သတ်ပါသတ်ပစ်ချင်တာ!!"
"ဒါဆိုလဲ သတ်လိုက်လေ!ဘာလို့မသတ်သေးပဲအခုထိထားနေသေးလဲ!!!"
"တောက်!! ခွေးကောင် ငါ့မျက်စိရှေ့ကနေထွက်သွားလိုက်တော့၊ မင်းအခန်းထဲကနေအခန်းအပြင်ကိုလုံး၀မထွက်နဲ့။ကြားလား။"
"...."
"ဟိတ်ကောင်! ငါမေးနေတယ် မင်းကြားလားလို့"
"ကျစ်! ဒီလောက်နီးနီးလေးပြောနေတာ ငါကမကြားရအောင် နားကန်းနေတဲ့ကောင်မဟုတ်ဘူး။"
"မင်း!! တောက်!!"
"မင်းပြောစရာမရှိတော့ဘူးမလား။ ငါသွားပြီ"
သွေးလဲထိုလူရှေ့ကနေထွက်လာကာအပေါ်တက်ပြီးအခန်းတံခါးပိတ်ထားလိုက်တော့သည်။ကိုယ့်နာမည် ရှိုင်းရာဇာသွေး ခုနကဟိုလူကတော့ သက္ကရာဇ်မင်းမြတ်လို့ခေါ်တယ်။ မိဘတွေနဲ
အပြင်သွားရင်းသူ့ကိုမြင်မြင်ချင်းချစ်မိသွားလို့ မိဘတွေကိုပြောပြီးမရမကသူ့ကိုလက်ထပ်ခဲ့တယ်။
အဲ့အကြောင်းတွေသိသွားတော့ သူ့ရဲ့အမုန်းတွေကိုခံယူရတယ်။
သူနဲ့ကိုယ်ရဲ့အိမ်ထောင်ရေး
အဆင်ပြေမပြေကတော့မင်းတို့တွေ့တဲ့အတိုင်းပဲ။
ရန်ဖြစ်ရတဲ့အကြောင်းကတော့ အဟက်!
မိန်းမတစ်ယောက်ကြောင့်ပေါ့။သူလုပ်ရက်တယ်၊partyကိုတမင်တကာခေါ်လာပြီး သူကိုယ့်အပေါ်ကိုလုပ်ရက်တယ်။At Party
"မင်းဒီနားမှာပဲနေ။ ဘယ်မှလျှောက်မသွားနဲ့။ကြားလား ရှိုင်းရာဇာသွေး"
"အင်း"
သက္ကရာဇ်ထွက်သွားပြီးခဏအကြာ
"ဟော!ဟိုမှာ မင်းသမီးမြတ်နိုးယာ မဟုတ်လား။ ဘေးနားကဘယ်သူလဲဟ။"
"ဟာ အဲ့တာ MM groupရဲ့CEO သက္ကရာဇ်မင်းမြတ်မဟုတ်လား။
"အေး ဟုတ်တယ်။ ဘာလဲ သူတို့နှစ်ယောက်ကတွဲနေကြတာလား။partyကိုတူတူတက်တာဆိုတော့"
သွေးလည်းသက္ကရာဇ်နာမည်ကြားလို့လှမ်းကြည့်
လိုက်တော့မြင်လိုက်ရတဲ့မြင်ကွင်းကသွေးအတွက်တော့ရင်နာစရာ တစ်မိုးအောက်က
သက္ကရာဇ်မင်းမြတ်က တခြားလူကိုကြည့်တဲ့အကြည့်ကအကြင်နာမျက်၀န်းတွေအပြင်အစားအစာတွေကိုတောင်
တယုတယထည့်ပေးနေတယ်တဲ့လား။ သွေးရဲ့ခြေလှမ်းတွေကသက္ကရာဇ်မင်းမြတ်တို့ရဲ့၀ိုင်းနား
မရောက်ခင်ရပ်တန့်လိုက်ပြီး သက္ကရာဇ်မင်းမြတ်ကိုကြည့်နေလိုက်သည်။
မင်းမြတ်လည်းသွေးဘာလုပ်နေမလဲဆိုပြီးလှမ်းကြည့်လိုက်ချိန် နှစ်ယောက်သား အကြည့်ခြင်းဆုံသွားလေသည်။
မင်းမြတ်အရင်အကြည့်လွဲ၍သူ့ဘေးနားမှာရပ်နေတဲ့လူကိုစကားလှမ်းပြောလိုက်သည်။ ခဏအကြာ
YOU ARE READING
Hate💔
Cerita Pendekမင်းကစားချင်တိုင်းကစားရအောင် ငါက ကစားကွင်းမဟုတ်ဘူး လူကွ။ မင်းနာလည်လား သက္ကရာဇ်မင်းမြတ်