Daddy's Important Baby

656 25 0
                                    


Part 22

ဒီနေ့တော့ ထယ်ယောင်း ချစ်ရသူကိုချော့ဖို့အိမ်ကနေစောစောထွက်လာခဲ့၏....
ဒီရက်ပိုင်းအလုပ်မအားတာနဲ့ ဂျောင်ကုဆီကိုတောင်သူမရောက်ဖြစ်ပေ...
ဂျောင်ကု သူကိုစိတ်မဆိုးနေဖို့သာ ထယ်ယောင်းဆုတောင်းနေမိ၏....

တင်းတောင်... တင်းတောင်.....

ဂျောင်ကု ဧည့်ခန်းမှာထိုင်နေရင်းရုပ်ရှင်ကြည့်နေပါတဲ့ဆိုမှလူခေါ်ဘဲလ်သံကြောင့် စိတ်ကတိုးလာ၏..
ကျစ်...အခုပဲထွက်သွားကြတာ...
ကိုကိုနဲ့ ရိပေါ်က ဘာကျန်ခဲ့ကြပြန်တာလည်း...
အိမ်ကဝန်ထမ်းတွေကလည်း အိမ်ရဲ့အနောက်ဆောင်ဘက်မှာဖြစ်တာကြောင့်သူဘဲထဖွင့်ပေးလိုက်ရ၏...

ဘာကျန်နေပြန်ပြီးလည်း ရိပေါ်ရယ်
တံခါးဖွင့်ကာပါးစပ်ကလည်းရွတ်ရင်းမိမိရှေ့ရှိမထင်ထားတဲ့လူကိုတွေ့လိုက်ရတာကြောင့် ဂျောင်ကု ကြောင်ကာရပ်နေမိ၏...

ငယ်....
ထယ်ယောင်း ကြောင်တောင်တောင်လေးရပ်နေတဲ့ခန္ဓာကိုယ့်လေးအားပွေ့ချီကာဧည့်ခန်းထဲဝင်လာလိုက်၏....

ခုချိန်ထိ အသိလွတ်နေတဲ့ ချစ်ရသူလေးရဲ့ပါးအား
ခပ်ဖွဖွလေးနမ်းလိုက်၏...

ဟင်....
ပါးပေါ်ကိုကျရောက်လာတဲ့အေးစက်စက်အထိအတွေ့တစ်စုံကြောင့် ဂျောင်ကု လက်ရှိအခြေအနေကိုပြန်ရောက်လာ၏...
အခုသူပုံစံက ထယ်ယောင်း ပေါ်တက်ထိုင်နေသည်ပုံပင်....
ဘယ်အချိန်အနေမှာဒီလိုပုံစံမျိုးဖြစ်သွားမှန်းမသိလိုက်ပေးမဲ့ ခုချိန်မှာ ဂျောင်ကု ဆင်းဖို့တာဆူနေမိ၏...

သူကိုယ့်ပေါ်ကနေ ဆင်းဖို့ပြင်နေတဲ့ ကောင်လေးခါးအား ထယ်ယောင်း တင်းကြပ်စွာဖက်ထားလိုက်၏...

အကိုထယ်ယောင်း....

ဟင်.....
ဂျောင်ကုနှုတ်ဖျားကနေထွက်ကျလာတဲ့နာမည်ကြောင့် ထယ်ယောင်း မျက်မှောက်ကြုံးသွား၏

မောင် လို့ခေါ်.....

ဟင်....
ခု အကိုထယ်ယောင်းက သူကိုမောင်လို့ခေါ်ခိုင်းလိုက်တာလား....
ဂျောင်ကု ခုန်နေတဲ့ရင်ဘတ်ကိုလျစ်လျူရှုကာ..
မသင့်တော်ဘူးထင်တယ်....အကိုထယ်ယောင်း..

💜Daddy's Important Baby💜(season1)(complete)Where stories live. Discover now