Daddy's important Baby

619 24 1
                                    


Part....25

တောင်းပန်ပါတယ် ရိပေါ်...
ငါ့တို့အကြောင်းအရင်းကိုမသိဘဲမင်းတို့ကိုစိတ်ဆိုးမိခဲ့တဲ့အတွက်....

ဖြစ်ပျက်သမျှကိစ္စတွေအားလုံးကို ရိပေါ်
တို့ရှင်းပြလိုက်တာကြောင့် ကျိရန်တို့အုပ်စုကတောင်းပန်လာခဲ့ခြင်းပင်......

ဟုတ်တယ် ရိပေါ်...
ငါ့တို့ကြောင့်မင်းတို့ရဲ့အတိတ်ဆိုးကိုထပ်ပြီး
ပြောပြနေရတာပဲ....
ငါ့တို့အားလုံးထပ်ပြီးတောင်းပန်ပါတယ်နော်...

မဟုတ်တာပဲ ရှင်းဟေးရယ်
ငါ့ရောဂျောင်ကုပါအဆင်ပြေပါတယ်...
ဟုတ်တဲ့မဟုတ်လား ဂျောင်ကု...

သူဘက်ကိုလှည့်ကာမေးလာတဲ့ ရိပေါ်ကြောင့် ခေါင်းငြိမ့်ပြလိုက်သူ ဂျောင်ကု...
အင်း ငါ့တို့အဆင်ပြေပါတယ်....

ဒီနေ့ကစပြီး ဂျောင်ကု ကိုစီနီယာ jiminက
အနိုင်ကျင့်ရင်ငါ့တို့ကိုပြောနော် ဂျောင်ကု...

မင်းကငါ့တို့တွက်တော့အဖိုးတန်ခလေးပါ...
မင်းရဲ့အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါ့တို့တွေအားလုံးတွက်တော့မင်းကတောက်ပနေဆဲ
ကြယ်ကလေးတစ်လုံးပဲ.....
မင်းတို့နှစ်ယောက်လုံးကိုချစ်တယ်,......

ကျေးဇူးပါ ရှင်းဟေး....

သူငယ်ချင်းဖစ်သူတွေက
သူတို့နှစ်ယောက်ပေါ်စိတ်ဆိုးခြင်းမရှိတော့
တာကြောင့် ဂျောင်ကု ရော ရိပေါ်ပါ ယတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
ပြုံးလိုက်ကြ၏....

ခုချိန်သူတို့နှစ်ယောက်လုံးရဲ့စိတ်မှာ
ဘာအဖုအထစ်မှမရှိဘဲ တကယ်ကိုပေါ့ပါးလွန်းတဲ့ခံစားချက်တွေဖြစ်ထွန်းနေ၏....

သူတို့နှစ်ယောက်ကတကယ်ကိုသူငယ်ချင်းကောင်းတွေရခဲ့ကြတာပဲ......

အေးတော့ နင်ပြောချင်တာက နင်ရဲ့မောင်ကိုရှာဖို့တွက်ဒီကိုလာခဲ့တာ......

ဆိုဖာနောက်ကျောကိုမှီကာမေးလာတဲ့
ရှောင်ကျန့်အား ရန်ရီ ခေါင်းငြိမ့်ပြလိုက်၏...

ဟုတ်တဲ့ ရှောင်ကျန့်....
ငယ်ငယ်လေးကတည်းကကွဲသွားခဲ့တဲ့ ငါ့ရဲ့မောင်ကိုပြန်ရှာဖို့တွက်ပဲ.....

💜Daddy's Important Baby💜(season1)(complete)Where stories live. Discover now