Ep-2
Author-sky black
********************
သဝဏ်နဲ့လေပြေ ရိုးရိုးရှင်းရှင်း တရားရုံးမှာဘဲလတ်မှတ်ထိုးခဲ့ကြပါတယ်"ကျွန်မ...."
"မင်းညနေကျရင် ငါ့အိမ်ကိုပြောင်းလာလိုက် လေပြေညှင်း"
"အာ..ဟု ဟုကဲ့"
သဝဏ်သည်အလုပ်ကိစ္စရှိသေးသည်ဆို၍
ကားမောင်းကာ အရင်ထွက်သွားသည် ကျန်ခဲ့သူလေပြေမှာတော့ busကားစီးကာ သူမတွေးတောနေမိသည်'ငါအခုလက်ထက်ပြီးပီ..အင်း...အချစ်မပါတဲ့အိမ်ထောင်ရေး..ဘာဘဲဖြစ်ဖြစ်သူကငါ့ကို ကူညီထားတဲ့သူဘဲ..ငါကောင်းကောင်းဂရုစိုက်ပေးရမယ်'
ကံကြမ္မာဆိုးဟာဝင်လာဖို့အသင့်ဖြစ်နေသည်
ဆိုတာသာ သိခဲ့ရင်...."ဟိုလေအစ်မ"
"ဟမ် အင်း"
"အစ်မမှတ်တိုင်ကဘယ်နားလဲဗျ"
"အစ်မက ရှေ့မှတ်တိုင်ဆို ဆင်းတော့မှာပါ မောင်လေးထိုင်ချင် ထိုင်လို့ရပါတယ်"
"အာ..ဟုကဲ့ ကျေးဇူးပါဗျ"
လေပြေ ဆင်းရတော့မဲ့ မှန်တိုင်ရောက်တော့ ကားပေါ်ကနေဆင်းလာလိုက်သည်
အတော်အကြာ လမ်းလျှောက်ပီးတော့မှ သူမနှင့်သူမအဖိုးနေသည့်အဆောင်သို့ ရောက်လာကာ မတ်တတ်ရပ်ကာကြည့်နေမိသည်"ညည်းပြန်လာပီပေါ့ ပေး ငါ့အိမ်လခ မပေးရင်အိမ်ပေါ်ကနေဆင်း"
"ဟုကဲ့ အန်တီ အခု အထုပ်တွေလာသိမ်းတာပါ"
"မြန်မြန်ကြွလေကောင်းလေဘဲ ကျက်သရေတုံးမ"
လေပြေငိုချင်တဲ့စိတ်ကိုအတင်းထိန်းထားကာ အိမ်ထဲကိုဝင်ပြီး အထုပ်အပိုးတွေက်ုသိမ်းနေသည်
**🎶🎶Don't ....go.. tonight...🎶🎶**
"ဟယ်လို..သဝဏ် ဘာပြောစရာရှိလို့လဲ"
"အင်း..ငါမင်းအိမ်ကို ငါ့ရဲ့ Driver နဲ့ အိမ်တော်ထိန်း လွှတ်လိုက်တယ်"
လေပြေအပြင်ကိုထွက်ကြည့်လိုက်သည်
"ဟုတယ်..သဝဏ် ရောက်နေပီ"
"အင်း..အော် ဒါနဲ့ မင်းကားပေါ်တက်တာနဲ့
ငါ့အိမ်တော်ထိန်းက မင်းကိုမျက်လုံးစည်းပေးလိမ့်မယ်"
YOU ARE READING
Romanceintroတော့မရေးတော့ပါဘူးရှင်