Unicode~
"ဒီလောက်ထိ ဇွဲကောင်းမယ် မထင်ခဲ့ဘူး"
ရက်ပေါင်းတစ်ရာလုံးလုံး Jeonအိမ်တော်ကို ချောင်းပေါက်မတတ်ရောက်လာပြီးနောက် ဥက္ကဌJeonဆီမှရသော ကောက်ချက်စကား။
သူ့ကိုယ်သူလည်း နားမလည်နိုင်တော့။ သူဟာ လူတစ်ယောက်အတွက် အိမ်တစ်အိမ်ကို ချောင်းပေါက်မတတ်လာပြီး အောက်ကျို့တောင်းပန်နိုင်သတဲ့လေ။
"အဲဒါကြောင့် Jeon JungKookဘယ်မှာရှိလဲဆိုတာ သိခွင့်ရှိမလား"
"မင်းဇွဲကောင်းတာကိုတော့ သဘောကျပါတယ်။ ဒါပေမဲ့ ငါ့မြေးအတွက်တော့ မဟုတ်ဘူး"
"ကျွန်တော်JungKookကို တကယ်သဘောကျတာပါ"
Taehyungအသံက ဖျော့တော့နေသည်။ စောင်းကြိုးရှိုက်သံလေးသဖွယ် အားအင်မရှိမှန်း သိသိသာသာ။ သည်လူတစ်ယောက်တည်းအတွက် သူ့အချိန်တွေကို ပုံပေးနေခဲ့တာ သုံးလပင် ကျော်လာချေပြီ။ မထူးခြားလာသည့် အခြေအနေက လက်လျှော့ချင်စရာ။
လက်လျှော့လို့ကား မဖြစ်သေး။ ရှေ့မတိုးသာ နောက်မဆုတ်သာသော ကြားကျကျ ဆို့နင့်စရာအချိန်တွေ။"သဘောကျရုံနဲ့ ပြီးသွားတာမဟုတ်ဘူး ကောင်လေး။ ငါ့မြေးအတွက် ငါမျှော်မှန်းထားတာတွေ အများကြီးရှိတယ်။ အခုမင်းကြောင့် လူတွေပါးစပ်ဖျားမှာ ငါ့မြေးသိက္ခါက ရစရာမရှိတော့တာ မင်းသိရဲ့လား"
သည်နေ့လည်း ကိုယ့်အဖြစ်က ခေါင်းငုံ့ခံနေရုံသာ။ ဘာဆိုဘာမပြောင်းလဲတဲ့ နေ့ရက်တွေပါပဲ။ သူကြိုးစားနေသမျှက သဲထဲရေသွန်။
ဥက္ကဌJeonကိုများ တစ်နည်းနည်းနှင့် စိတ်ပြောင်းသွားအောင် မလုပ်နိုင်တော့ဘူးလား။"ကျွန်တော် တောင်းပန်ပါတယ်"
"ဒီစကားကို ငါကြားနေတာပဲ ရက်မနည်းတော့ဘူး။ လက်လျှော့လိုက်ပါတော့ Kim Taehyung"
"ဟင့်အင်း.. ကျွန်တော်လက်မလျှော့နိုင်ဘူး။ Jeon JungKookကို တွေ့ရမှ ဖြစ်မယ်။ ကျေးဇူးပြုပြီး.. ကျွန်တော် ဒီလိုတောင်းဆိုပါတယ်"
YOU ARE READING
𝐓𝐡𝐞 𝐏𝐚𝐰𝐧: 𝐹𝑜𝑟 𝐻𝑖𝑠 𝑆𝑎𝑘𝑒
FanfictionHave been the 'Pawn' to protect the 'Queen'. 'Pawn' takes the action but 'Queen' just looks and judges him. Always running the risk of going mad for your vanity's sake. Served for you regardless of my own self. Never got a chance to compain of. Sad...