Unicode~
မတော်တဆအားဖြင့်သော်လည်းကောင်း Jeon JungKookဆီက ချစ်တယ်ဆိုတဲ့အသံကြားရမလားဟု ငံ့လင့်နေမိသည်။ သည်ကောင်လေး သတိကောင်းလိုက်တာ။ သူ့ကို တစ်ခွန်းမှ ဖွင့်မပြောဘူးတဲ့လေ။
မင်းဆီက ချစ်ခြင်းတွေ စကားလုံးအဖြစ် တစ်ဖန်ပြန်ပြိုကျလာအောင် ကိုယ်တစ်နည်းမဟုတ်တစ်နည်းတော့ ကြိုးစားကြည့်ချင်သေးသည်။
နှစ်ခြိုက်စွာ အိပ်မောကျနေသူ Jeon JungKookအနား တိုးသွားပြီး မျက်ခွံ၊ နှာတံ၊ နှုတ်ခမ်းတစ်ခုချင်းစီကို သူထိတွေ့နေမိသည်။ သည်အစိတ်အပိုင်းတွေက သူ့အပိုင်ဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိခဲ့တာလား၊ သူမသိလိုက်ဘဲ သူ့အပိုင်ဖြစ်ခဲ့ဖူးတာလား။ မည်သို့ပင် ဖြစ်ခဲ့ပါစေ သည်တစ်ခါတော့ လက်မလွတ်စတမ်း ပိုင်ဆိုင်အောင် သူကြိုးစားရတော့မည်။စောင်အောက်က အဝတ်ဗလာနှင့် ခန္ဓါကိုယ်နှစ်ခုဟာ ခုနကအခြေအနေနှင့် မတူစွာ သီးခြားစီဖြစ်နေကြနေလေရဲ့။ ငြိမ်သက်တိတ်ဆိတ်နေသော လေထုက ခပ်နွေးနွေး။ တိုင်ကပ်နာရီက ည၇နာရီကို ညွှန်ပြလျက်ရှိသည်။ သူတို့ ညနေခင်းကြီး အိပ်လိုက်မိတာလား။
သည်ကောင်လေးက အမြဲလိုလို သူ့နောက်မှ အိပ်ရာနိုးသည်ကို သူသတိထားမိသည်။ အခုလည်း သူကသာ တစ်ယောက်တည်း နိုးလာတာ၊ Jeon JungKookက အိပ်မောကျနေဆဲ။
နှိုးရမှာကိုပင် နှမြောဖို့ကောင်းလောက်အောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူကို သူဘယ်လိုလုပ်ပြီး နှိုးရက်ပါ့မလဲ။တစိမ့်စိမ့်ကြည့်နေသည်ကလည်း ရင်ခုန်ရခြင်း ရသတစ်မျိုး။ သူ့အစိတ်အပိုင်းတွေကို အလွတ်ရအောင် ငေးမောနေရင်း ကိုယ်ဟာ ကမ္ဘာသစ်ကို ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဟိုထိဒီထိနဲ့ ယားအောင် လာလုပ်မနေနဲ့။ အိပ်ချင်ရတဲ့ ကြားထဲ"
"Sorry.. မင်းမနိုးလောက်ဘူးထင်လို့"
"ဘယ်နှနာရီ ရှိသွားပြီလဲ"
JungKookမျက်လုံးများက မပွင့်တပွင့်။ လျှပ်စစ်မီးပန်းဆီက အလင်းရောင်ကို အသားမကျနိုင်စွာဖြင့် သူ့မျက်လုံးများကို ဖွင့်ဖို့ရာ အားယူနေရသည်။
YOU ARE READING
𝐓𝐡𝐞 𝐏𝐚𝐰𝐧: 𝐹𝑜𝑟 𝐻𝑖𝑠 𝑆𝑎𝑘𝑒
FanfictionHave been the 'Pawn' to protect the 'Queen'. 'Pawn' takes the action but 'Queen' just looks and judges him. Always running the risk of going mad for your vanity's sake. Served for you regardless of my own self. Never got a chance to compain of. Sad...