Ep 1

0 0 0
                                    

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ် EP 1

🎶🎶🎶သူကတော့ မေ့ပြီထင်ပါတယ်...
               ကျွန်တော်ကတော့ သတိတွေရတုန်းဘဲ...
               သူချစ်ချစ် မချစ်ချစ် ဒီတိုင်းလေးဘဲနေမယ်...
               အချစ်ပေးလို့ အချစ်ပြန်မရဘူးကွယ်...
               သူမချစ်လို့ထားခဲ့တာ...
               ဘာရယ်ကြောင့်အား ဆွဲထားလို့... နေမလည်း...🎶🎶🎶
At Hong Kong 2022ခုနှစ်
                 သလင်း တစ်ယောက် မနက်ခင်း မှာ ခါးသက်သက်အရသာရှိတဲ့ ကော်ဖီတစ်ခွက်ကိုသောက်ကာ နေ့တစ်နေ့ရဲ့အစကို အစပြုခဲ့တယ်
"နေ" ငါတို့ ဒီနေ့နဲ့ဆို ငါတို့တွေ အဆက်အသွယ်မရခဲ့တာ တစ်နှစ်တောင်ရှိတော့မယ်နော်....
သလင်းတစ်ယောက် ကော်ဖီသောက်ရင်း အမှတ်တမဲ့ နှုတ်ဖျားမှ တီးတိုးစွာထွက်ကျလာခဲ့တယ်

"နေ" ငါ မင်းကို အရမ်းသတိရတယ် ...
မင်းရော ငါ့ကို သတိများရနေရဲ့လား ဒါမှမဟုတ် ငါ့ကို မင်း တကယ်များ မေ့များမေ့သွားခဲ့ပြီလား "နေ"

သလင်းတစ်ယောက် "နေ"ကို အရမ်းသတိရ လွမ်းဆွတ်နေပြီး သလင်းရဲ့ လွမ်းဆွေးမှုတွေကို ရုံးခန်းအတွင်းဖွင့်ထားတဲ့ သီချင်းဆွေးလေး နဲ့ အတူအုံ့မှိုင်းမြူဆိုင်းကာကျနေတဲ့ပတ်ဝန်းကျင်ရဲ့ အခြေနေက အလွမ်းရိပ်များတိုးလာအောင် အထောက်အပံ့ပေးနေပြီး "နေ" ကို လွမ်းဆွတ်နေ့သည့် သလင်း တစ်ယောက် ရင်ထဲတွင် လွမ်းစိတ်များ လှိုက်ဖိုရစ်တက်လာပြီး သလင်း၏ မျက်လုံး မှေးမှေးလေးထက်တွင် အရည်ကြည်လေးများ ဝေ့ကာ မျက်ရည်စက်ကလေးများက ပါးပြင်တစ်လျှောက် ကျဆင်းလာခဲ့တယ် .......

"နေ" အရမ်းသတိရတယ် .... အရမ်းလဲလွမ်းနေတယ်....

last December 2018 in Yangon,
    
    တူ...တူ...တူ.📲📲📲
ဟဲလို မာမီ ..
သားငယ် သားဒီနေ့ သား အတန်းမသွားဘူးဆို သားဆရာ ဦးစိုးမြင့် မာမီကို ဖုန်းလှမ်းဆက်တယ် သားများနေမကောင်းဘူးလား ဆိုပြီး ...
သားငယ် နေမကောင်းဘူးလား..
သား ဒီနေ့ အတန်းတက်ခါနီးသား စိတ်အဆင်မပြေတာနဲ့ သားအတန်းမတက်တော့တာ မာမီ
ဟုတ်ပြီ မာမီ နားလည်ပြီ သားငယ် ...
ဆေးရော သောက်ထားလား သားငယ်...
ဟုတ် မာမီ သားသောက်ထားပါတယ် စိတ်မပူနဲ့နော်...
ကောင်းပြီ သားငယ် မာမီ နောက်တစ်နာရီနေရင် မာမီ အိမ်ပြန်ရောက်မယ် သားကြိုက်တတ်တဲ့ အသီးတွေ မာမီဝယ်လာခဲ့မယ် ...
ဟုတ်.... လမ်းမှာဂရုစိုက်ပါ ...မာမီ..
ကောင်းပြီ ..သားငယ်...ဆိုကာ ဖုန်းချသွားသော ဒေါ်သန္တာမိုး တစ်ယောက် "သလင်း" အတန်းမလာသည့် အသံကြားကာ စိုးရိမ်တကြီးဖြင့်  ဖုန်းဆက်ပေမယ့်လဲ "သလင်း" ၏ ကျန်းမာရေးအခြေနေကြောင့် သူမ၏ရုံးခန်းတွင် လုပ်လက်စ အစည်းဝေးကို အမြန်ဆုံးပင်အဆုံးသတ်ပြီး အမြန်ဆုံးပင် အိမ်ကို ပြန်လာခဲ့တယ်

စွန့်လွှတ်ခြင်းရဲ့နောက်ကွယ် Where stories live. Discover now