2

532 59 3
                                    

အေးမြတဲ့လေထုနဲ့အတူ သူ့အနားမှာရစ်ဝဲနေတဲ့ ချယ်ရီပန်းရနံ့ အမွှေးဖယောင်းတိုင်ဟာ ခဏတာ အနားယူဖို့ပြင်နေသည့်သူ့ကို နည်းနည်းလေးတောင် မချော့မြှူနိုင်ပေ။

အနံ့နှင့်ပတ်သက်ရင် sensitive ဖြစ်တက်တဲ့သူ့အဖို့ သူ့ရုံးခန်းမှာ Cherry Blossom scent candle , cherry blossom air freshener တို့ကိုအမြဲဆောင်‌ထားလေ့ရှိသည်။

ယခုအချိန်မှာ အတိတ်ကသိကျွမ်းဖူးခဲ့တဲ့ ခပ်သင်းသင်း ချယ်ရီပန်းရနံ့ကလွဲ၍ ‌အမြဲသုံးနေကျ ရေမွှေးကစလို့ တစ်ခြားသော Omega တွေရဲ့ pheromones တွေအထိ မည်သည့်အရာကိုမှ သူ့ကိုယ်ပေါ်မတင်ကျန်စေချင်ပါ။

ဒါဟာလည်း သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အလေးပေးမှုတွေထဲကတစ်ခုဖြစ်ပြီး သူမပိုင်သည့် အခြားရနံ့တွေကို ဘယ်တော့မှလည်း လက်ခံမည်မ‌ဟုတ်ပါချေ။

ချွဲဘောမ်ဂယူရဲ့ pheromones တွေဟာ ချယ်ရီပန်းအစစ်တွေရဲ့ရနံ့နှင့်တောင် မတူညီသည်မို့ မတက်နိုင်သည့်အဆုံး ချယ်ရီပန်းရနံ့နဲ့ပစ္စည်းတွေကိုဆောင်ထားလေ့ရှိပေမယ့် ပိုင်ရှင်စစ်စစ်ရဲ့ pheromones တွေလောက် သူ့ကို ဘယ်ရနံ့ကမှ စိတ်ကျေနပ်မှုမပေးနိုင်ပါ။

များစွာသော Omega တွေဆီမှာလည်း ချယ်ရီပန်းရနံ့ pheromones တွေရှိပေမယ့် သူ့အနေနဲ့အမှတ်မှားစရာတောင်မလိုသည့် ထိုရနံ့ဟာ သူအမြတ်တနိုးနမ်းရှိုက်ခဲ့ဖူးသည့် ထိုသူ့လည်တိုင်သွယ်သွယ်ဆီကမြစ်ဖျားခံသည်။

ထိုသူရဲ့ နူးနူးညံ့ညံ့လက်ကောက်ဝတ်နှစ်ဖက်ဆီစလို့ နည်းနည်းလေးတောင်အထိမခံနိုင်သည့် နားရွက်အနောက်ဖက်နေရာအထိ ထိုရနံ့တွေနဲ့သာဖုံးလွှမ်းနေခဲ့ပြီး တစ်ခါတစ်ရံ သူ့ဖက်က အနိုင်ယူသည့်အခါတိုင်းလည်း ထိုရနံ့တွေကို သဘောတကျ ရှုရှိုက်ရင်း တစ်ဖက်လူငိုသည်အထိ စနောက်ခဲ့ဖူးသည်။

အတိတ်ကနေ့တွေဟာ ပြန်မတွေးရင်အကောင်း ၊ ပြန်တွေးမိရင် ယခုကဲ့သို့ တစ်နေ့လုံးအဆင်မပြေတော့သည်မို့ ခေါင်းထဲမှာတောင်အနည်းငယ်ထိုးကိုက်လာသလိုခံစားလိုက်ရသည်။

တွေးနေရင်း ရင်ဘက်ဆီကလည်းအောင့်သက်သက်ဖြစ်လာသည်မို့ အလုပ်စားပွဲဆီကထပြီး  ဆိုဖာပေါ်မှာ ကွေးကွေးလေး အိပ်ပျော်နေသည့် သမီးဖြစ်သူဘေးနားသာ ဝင်ထိုင်လိုက်သည်။

𝖣𝖾𝖺𝗋 𝖪𝖺𝗇𝗀 | 𝖳𝖺𝖾𝗀𝗒𝗎 ( 𝖮𝗆𝖾𝗀𝖺𝗏𝖾𝗋𝗌𝖾 )Where stories live. Discover now