"သဲလေး "
"ဗျာ "
"ကိုကို ဒီနေ့ လမ်းမှာ ကားတိုက်ခံရတော့မယ့် ကလေး ကို ကယ်ခဲ့တယ် "
"ကိုကို ဘာဖြစ်သွားသေးလဲ အနာတရဖြစ်သေးလား "
"မဖြစ်ပါဘူး ဒါပေမဲ့ တစ်ခုတော့ စိတ်မကောင်းစရာရှိတယ် "
"ကလေး ဘာဖြစ်သွားလို့လဲ ကိုကို "
"ကလေးက ဖြစ်တာ မဟုတ်ဘူး သူ့အမေက ကိုကို့ရည်းစားဟောင်း "
"ပြောပါဉီး ဘာဆက်ဖြစ်လဲ "
"ကလေးရဲ့ ဆွဲကြိုးလေး ပျောက်သွားလို့ ကိုကို့ ရည်းစားဟောင်းခမျာ ကုန်းကုန်းကွကွ နဲ့ လိုက်ရှာနေရရှာတယ်"
"ကိုကိုရယ် အဲ့ဒါ များ ကူရှာပေးလိုက်တာ မဟုတ်ဘူး"
"သဲလေး ကိုယ့်ရင်ဘက်ကို စမ်းကြည့်လိုက်စမ်း"
သဲလေး ကိုကို့ရဲ့ ရင်ဘက်ကို စမ်းလိုက်တာနဲ့ စမ်းမိလိုက်သည်က ဆွဲကြိုးလေး တစ်ကုံး။
"အဲ့ဒါ ဟိုကလေး ဆွဲကြိုး မှတ်လား "
"ဟုတ်တယ် ရည်းစားဟောင်းကို ကြည့်မရလို့ !!!"
