two

943 137 8
                                    

ဇွန်လ၊ ၁၄ရက်၊ ၂၀၁၆။

မနက် ၅:၁၅ မိနစ်။

ပြန်အိပ်မရသည့်အတူတူ ယူဂျင်း နံရံပေါ်က တိုင်ကပ်နာရီကို တွေတွေငေးကာ အတွေးနွံထဲ နစ်နေသည်။

ယူဂျင်း မနေ့ညနေက ကိုကိုနဲ့ ရန်ဖြစ်ခဲ့သည့် အကြောင်းကို ပြန်တွေးရင်း ငိုရသည်ကလည်း ခေါင်းပင်ကိုက်လာသယောင်။
ည ၂နာရီလောက်က ငိုပြီး အိပ်ပျော်သွားပေမဲ့ မနက်၅နာရီကျော်ကြီး နိုးလာတော့လည်း တစ်ဖန်ငိုရပြန်သည်။

စဉ်းစားကြည့်မှ ယူဂျင်း လွန်သွားသည် မလား။ သွေးပူနေတုန်း ကိုယ့်ဘက်ကိုသာကြည့်ကာ ပြောခဲ့မိတဲ့ တစ်ဖက်သတ်စကားသံတွေကို ပြန်တွေးရင် အဲ့ဒီတုန်းက သူမှန်တယ်လို့ ထင်ကာ ပြောခဲ့မိတာတွေက အခုအချိန်မှာတော့ နောင်တရစရာတွေသို့ ပြောင်းကုန်ပြီ။

အိပ်ယာဘေး စားပွဲပေါ်က ဖုန်းကို ပေါ့ပါးစွာ ကောက်ယူလိုက်ရင်း " ကိုကို💙" ဆိုတဲ့ conversation လေးကို အမြန်နှိပ်လိုက်ကာ  ယူဂျင်းကပဲ တောင်းပန်ရဦးမည်။

~~~

ဒီနေ့လည်း ယူဂျင်းတစ်ယောက် လေ့ကျင့်ချိန်ပြီးတော့ သွားနေကျ ကိုကို့အလုပ်ခန်းသို့ ဦးတည်လိုက်သည်။

ဒီနေ့မနက်စောစောက ပို့ထားသည့်‌ တောင်းပန်စာကိုလည်း ကိုကိုက seenပြပြီး "အတန်းပြီးရင် ယူဂျင်း ကိုကို့ဆီလာလို့ရမလား" ဆိုတဲ့ စာကိုလည်း ကိုကိုက ခွင့်ပြုသည့်သဘောဖြင့် "အင်း" လို့ ပြန်သည်။

ကိုကိုတို့ အလုပ်ဆောင်ရှေ့ရောက်ပြီဖြစ်သော်လည်း ဝင်ဖို့ တွန့်ဆုတ်နေမိသည်။
တံခါးပဲ ခေါက်သင့်သလား၊ ဒီတိုင်းအသံပြုသင့်သလား။
အသံထွက်ဖို့ရာလည်းလောလောလတ်လတ်ကမှ ရန်ဖြစ်ထားသည်မို့ အဆင်မပြေလှပါ။

ယူဂျင်း အတွေးလွန်ဆွဲနေတုန်း ပွင့်လာသည့် တံခါးကြောင့် ရင်တုန်သွားမိသည်။

ကိုကိုက ယူဂျင်းကို ဝင်လာခဲ့ ဆိုတဲ့ ပုံစံနဲ့ ခေါင်းတစ်ချက် ညိမ့်ပြတော့ ယူဂျင်း ကိုကို့နောက်မှ ယောင်လည်လည်ပါသွားတော့သည်။

" ကိုကို ... ကျွန်တော် တောင်းပန်ပါတယ်နော်"

"...."

when blue meets yellow in the west Where stories live. Discover now